ပန်းရောင်သဲသောင်ပြင်တွေရှိနေတဲ့ ဘားဟားမားကကမ်းခြေတစ်ခု

//s9.kh1.co/c2/c2da6e0e6ae600a20044d79b4a95a4dbbefe570d.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-သြ-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

ပန်းရောင်သဲသောင်ပြင်တွေရှိနေတဲ့ ဘားဟားမားကကမ်းခြေတစ်ခု

ရေကစားသူတွေနှင့် ရေအောက်လေ့လာသူတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုလို့သတ်မှတ်ကြတဲ့ ဘားဟားမားကမ်းခြေတွေမှာ အမျိုးမျိုးသောအကြောင်းပြချက်တွေနှင့်နာမည်ကြီးကြပါတယ်။ ဒါပေမဲ့ Harbour ကျွန်းစုမှာရှိတဲ့ ကမ်းခြေတွေကသဲသောင်ပြင်တွေဟာ ပန်းရောင်သဲသောင်ပြင်တွေရှိနေတာကြောင့် တစ်ခြားနေရာတွေထက်ပိုပြီးနာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=824,q=100/55/556fb36013cbae3971ad12b3c76cb263b5cea996.jpg

ဒီကျွန်းပေါ်ကသဲတွေဟာ တစ်ခြားနေရာကသဲတွေ လိုမျိုးအဝါရောင်ဖြစ်နေတာမဟုတ်ဘဲ ပန်းရောင်လေးတွေဖြစ်နေတာကြောင့် အတော်လေးထူးခြားတာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဒီလိုပန်းရောင်ဖြစ်ရတာဟာ သဲထဲကတစ်ချို့သတ္တုတွေကြောင့်လို့ ယူဆထားကြပေမဲ့ နောက်ပိုင်းမှာတော့ သေချာတဲ့အဖြေကိုရှာတွေ့ခဲ့ကြပါတယ်။ Foraminifera လို့ခေါ်တဲ့ ပန်းရင့်ရောင်သက်ရှိအဏုဇီဝအကောင်တစ်မျိုးကြောင့် အခုလိုမျိုး သဲတွေဟာပန်းရောင်ဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=416,q=100/75/758c8aca128fc0c4a2ad7229de32a499c33a42d4.jpg

ဒီအကောင်လေးတွေအပြင် သဲအတွင်းမှာနေထိုင်တဲ့တစ်ချို့ကောင်လေးတွေကြောင့်လည်းသဲပြင်ဟာပန်းရောင်ဖြစ်နေတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာပန်းရောင်သဲသောင်ပြင်တွေရှားပါးတာကြောင့် ဒီကမ်းခြေဟာတစ်ခြားကမ်းခြေတွေထက်ပိုပြီးနာမည်ကြီးပါတယ်။ ပန်းရောင်သဲတွေကိုသေချာတွေ့ချင်ရင် ဒီဇင်ဘာကနေ မေလအတွင်းမှာသွားရောက်လည်ပတ်သင့်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T