ပရိတ်သတ်တွေအလွန်ကြိုက်နှစ်သက်ခဲ့ရပြီး အခုချိန်အထိ တမ်းတမ်းစွဲ အားပေးခဲ့ကြတဲ့ Harry Potterဇာတ်ကားကြီးဟာ ယခုဆို အနှစ်(၂၀)ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။Harry Potterဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်(၃)ဦးဖြစ်တဲ့ Daniel Radcliffe၊ Rupert Grint နှင့် Emma Watson တို့သည် Harry Potter နှင့် The Philosopher's Stone ၏ နှစ် (၂၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြန်လည်ဆုံစည်းကြမည်ဖြစ်ကြောင်းကြေငြာလာခဲ့ကြပါတယ်။
ဟယ်ရီပေါ်တာ နှစ်(၂၀)ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ Return to Hogwarts ဟာ Harry Potter ရဲ့ ခရီးလမ်းနှင့် ပရိတ်သတ်များအပေါ် အနှစ်နှစ်ဆယ်ကြာ သက်ရောက်ခဲ့တဲ့ အမှတ်တရများကို အမှတ်အသားပြုမယ့် အထူးပြပွဲ တစ်ခု ဖြစ်ပါတယ်။
ပရိတ်သတ်တွေအနေနဲ့လည်း Harry Potter နဲ့ပတ်သက်တဲ့အမှတ်တရတွေကို ပြန်လည်မြင်တွေ့ခွင့်ရတော့မှာမို့ အင်မတန် ရင်ခုန်ကာ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေစောင့်မျှော်ရင်ခုန်နေတဲ့ Return to Hogwarts မှာ ပါဝင်တဲ့ ရိုက်ကွင်းအချို့ကိုလည်း ခံစားနိုင်ရန်ပြသလိုက်ရပါတယ်။