တစ်လမှာ အမြင့်ဆုံးရခဲ့တဲ့စံချိန်တင်ဝင်ငွေကိုပြောပြခဲ့တဲ့ (G)I-DLE အဖွဲ့ဝင် ဆိုးယွန်း

//s9.kh1.co/5e/5e8bdd29081eaf223bfaa3830b0aa1e5c64dfa82.jpg
ဖျော်ဖြေရေးများ

 ၁၁-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

တစ်လမှာ အမြင့်ဆုံးရခဲ့တဲ့စံချိန်တင်ဝင်ငွေကိုပြောပြခဲ့တဲ့ (G)I-DLE အဖွဲ့ဝင် ဆိုးယွန်း

 (G)I-DLE အဖွဲ့ဝင်ဆိုးယွန်းဟာ မကြာသေးခင်တုန်းကရှိုးတစ်ခုမှာ သူမအနေနှင့် တစ်လအတွင်းအများဆုံးရခဲ့တဲ့ငွေကြေးပမာဏကိုပြောပြခဲ့တာဖြစ်ပါတယ်။ အိုင်ဒေါတစ်ယောက်အနေနှင့် ဆိုးယွန်းဟာပုံမှန်လစာဝင်ငွေရှိတဲ့အပြင် တစ်ခြားကြော်ငြာအပါအဝင် ရသစုံရှိုးတွေသွားရောက်တာမှာပါအခကြေးငွေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးယွန်းပြောပြတဲ့ပမာဏဟာတော်ရုံအိုင်ဒေါတွေမရနိုင်တဲ့ များပြားတဲ့ပမာဏဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/c3/c3b508d23527a07531b2333956a50113c4f2ac3f.jpg

သူမအပြောအရ ဝင်ငွေအမြင့်ဆုံးအထိရတဲ့လမှာဆိုရင် သူမဟာ ဝမ်တစ်ဘီလီယံနီးပါးရတယ်လို့ပြောတာဖြစ်ပါတယ်။ ဒီပမာဏဟာ ဒေါ်လာ၇သိန်းကျော်ရှိတာကြောင့် အိုင်ဒေါတစ်ယောက်အနေနှင့် အတော်လေးများပြားတယ်လို့ယူဆနိုင်တဲ့ဝင်ငွေဖြစ်ပါတယ်။ ဆိုးယွန်းဟာ အမှန်တော့  (G)I-DLE အဖွဲ့ရဲ့အဓိကပရိုဂျုဆာတစ်ယောက်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/56/5601d1722579995f3232c312d943f9b7ab657b47.jpg

အဖွဲ့ရဲ့နာမည်ကြီးသီချင်းတွေအများစုကို သူကိုယ်တိုင်ရေးသားထားတာကြောင့် ဒီရေးသားခတွေကနေပြီး Copyright တွေလည်းအများကြီးရမှာဖြစ်ပါတယ်။ အထူးသဖြင့် Queen Card  Tomboy Nude တို့လိုမျိုးဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သီချင်းတွေကိုရေးသားခြင်းဟာ ဆိုယွန်းကိုဒီပမာဏအထိရစေနိုင်တာဖြစ်နိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T