အတူတူလုပ်တဲ့သူတွေကို တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုပေးခဲ့တဲ့ IU

//s9.kh1.co/7b/7b551e7cf89f1325a479f5762cd06d529d65de7d.jpg
ဖျော်ဖြေရေးများ

 ၀၆-သြ-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

အတူတူလုပ်တဲ့သူတွေကို တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုပေးခဲ့တဲ့ IU

IU ဟာကမ္ဘာလှည့်ဖျော်ဖြေပွဲတွေတောက်လျှောက်ကျင်းပနေတာဖြစ်ပြီးတော့ မကြာသေးခင်ကမှ အမေရိကမြို့တွေမှာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပါတယ်။ အမေရိက အာရှနှင့် အနောက်နိုင်ငံတော်တော်များများကိုသွားရောက်ခဲ့တဲ့ ဒီဖျော်ဖြေပွဲကြီးဟာ အိုင်ယူအတွက်ပထမဆုံးကမ္ဘာလှည့်ဖျော်ဖြေမှုလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/56/5646f997b2b231eb9411b8af3c5a8894cd5d1950.jpg

အိုင်ယူဟာ နောက်ဆုံးပွဲစဥ်မကျင်းပခင်မှာ အတူအလုပ်လုပ်တဲ့အလုပ်သမားတွေကို တန်ဖိုးကြီးမားလွန်းတဲ့လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေမှာ မိတ်ကပ်ဆရာတွေအပါအဝင် စတိတ်စင်နောက်ကွယ်ကသူတွေပါပါဝင်တာကြောင့် လူပေါင်းတစ်ရာကျော်နီးပါးရှိနေတာပါ။ ဒီလူတွေအတွက် အိုင်ယူဟာလေယာဥ်လက်မှတ်ကိုအထူးတန်းကနေဖြတ်ပြီးလက်ဆောင်ပေးထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=890,q=100/10/10be02c2578c0cced6ace13bb0ed18c6d2da73e8.jpg

ရာနှင့်ချီတဲ့ဝန်ထမ်းတွေအတွက် ဈေးကြီးတဲ့အထက်တန်းလေယာဥ်လက်မှတ်တွေစီစဥ်ပေးခဲ့တဲ့အပြင် အိုင်ယူဟာမကြာခဏဝန်ထမ်းတွေကို လက်ဆောင်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းတွေအပြင် ခရီးသွားလာခွင့်လက်မှတ်တွေ တန်ဖိုးကြီးပစ္စည်းတွေပါပေးလေ့ရှိတာကြောင့် အတော်လေးရက်ရောပြီးသဘောကောင်းတဲ့အိုင်ဒေါအဖြစ်နာမည်ကြီးပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T