အနုပညာလောကကနေ အနားယူသွားမှာဖြစ်ကြောင်းကြေညာခဲ့တဲ့ WannaOne အဖွဲ့ဝင်ဟောင်း Lai Guanlin

//s9.kh1.co/2b/2b151f03c973308c88fe26c30ad602a65a74c55e.jpg
ဖျော်ဖြေရေးများ

 ၁၇-ဇွန်-၂၀၂၄ ၄pm · လွန်ခဲ့သော ၃ လ က

အနုပညာလောကကနေ အနားယူသွားမှာဖြစ်ကြောင်းကြေညာခဲ့တဲ့ WannaOne အဖွဲ့ဝင်ဟောင်း Lai Guanlin

နာမည်ကြီးအိုင်ဒေါရှိုးပြိုင်ပွဲကနေပွဲဦးထွက်ခွင့်ရခဲ့ပြီးတော့ Wanna One အဖွဲ့ဝင်အနေနှင့် အောင်မြင်မှုအကြီးကြီးတွေကိုပိုင်ဆိုင်ခဲ့ရတဲ့ လိုင်ကွမ်းလင်းဟာကင်မရာရှေ့အလုပ်တွေကနေအနားယူတော့မှာဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။ လိုင်ကွမ်လင်းဟာ အဖွဲ့သက်တမ်းကုန်သွားပြီးနောက်မှာ တရုတ်ဖက်မှာမင်းသား အဆိုတော်တစ်ယောက်အနေနှင့်လှုပ်ရှားနေခဲ့တာဖြစ်ပါတယ်။ အသက်ငယ်သေးချိန်မှာ အောင်မြင်ခဲ့တာကြောင့် ဖိအားတွေအများကြီးကိုလည်းခံစားနေခဲ့ရပုံပေါ်ပါတယ်။

https://s9.kh1.co/__image/w=571,h=800,q=100/b9/b9863d803064c8b7c8f7a3202f1fc19b089401c5.jpg

အိုင်ဒေါမဟုတ်တော့တဲ့နောက်ပိုင်းမှာ သူဟာ မင်းသားတစ်ယောက်အဖြစ်နာမည်ကြီးဇာတ်ကားတော်တော်များများကိုရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ အများပိုင်နေရာမှာဆေးလိပ်သောက်တာကိုမိသွားကစပြီး သတင်းသမားတွေဟာသူ့နောက်ကိုအမြဲလိုက်နေခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ချစ်သူဖြစ်သူနှင့်ပုံတွေပေါ်ထွက်လာပြီးတော့ ပရိတ်သတ်တွေကိုအလေးထားပုံမရဘူးဆိုတဲ့ဝေဖန်မှုတွေအများကြီးခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=902,q=100/e6/e6d0469ca3555161078f2731b6fa6d06cb2e61ef.jpg

အခုလိုကင်မရာရှေ့ကအလုပ်ကိုမလုပ်တော့ဘူးဆိုတာက မင်းသားတစ်ယောက် အဆိုတော်တစ်ယောက်လိုမျိုးမလုပ်တော့ဘူးလို့ဆိုလိုတာဖြစ်ပြီး အနုပညာလောကကနေအပြီးတိုင်အနားယူသွားမှာတော့မဟုတ်ပါဘူး။ အရင်ကတည်းကဇာတ်လမ်းတိုဒါရိုက်တာလုပ်ခဲ့ဖူးတာကြောင့် ဒါရိုက်တာအနေနှင့်ဆက်ပြီးလုပ်ကိုင်သွားတာဖြစ်နိုင်တယ်ဆိုပြီးခန့်မှန်းထားကြပါတယ်။ ပရိတ်သတ်တွေကတော့ အခုလိုသူ့ရဲ့ရုတ်တရက်အနားယူမှုကိုအံ့ဩနေကြသလို ထိတ်လန့်တုန်လှုပ်နေကြဆဲလည်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T