ကမ္ဘာ့အသက်အကြီးဆုံး ကြောင်လို့ ယူဆရပေမယ့်လည်း ဂင်းနစ်စံချိန်ထဲမှာ ဖော်ပြမခံရတဲ့ ကြောင်လေး

//s9.kh1.co/bc/bcaa5c244869287d009604574a497402a69b7362.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

၁၉၈၈ ခုနှစ် မေလမှာ မွေးဖွားခဲ့တဲ့ ကြောင်လေးဟာ သူ့ရဲ့ ၃၂ နှစ်မြောက် မွေးနေ့မတိုင်ခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ပိုင်ရှင် Michele Heritage, 52 နှစ်က သူမရဲ့အသက် 20 နှစ်မပြည့်မီ Rubble ကိုမွေးစားခဲ့ပြီး‌ ကြောင်လေးကို "အချိန်အကြာကြီးအတူနေထိုင်ခွင့်ရခဲ့သည့ အံ့ဩဖွယ်ကောင်းသောအဖော်" အဖြစ်ဖော်ပြခဲ့ပါတယ်။ Rubble ဟာ သူ့ဘဝဆုံးခန်းတိုင်အောင် လျင်မြန်စွာ အသက်ကြီးလာကာ ပိန်လှီလာပြီး အစာလည်းမစားတော့ပဲ တစ်ရက် လမ်းဖြတ်ကူးပြီးနောက် သူဟာ ဘယ်တော့မှပြန်မလာခဲ့‌ေတာ့ပါဘူး။

https://s9.kh1.co/__image/w=615,h=461,q=100/66/6697366ac5202ea88b69bd31754eb8ce5fe93be6.jpg
https://s9.kh1.co/__image/w=650,h=868,q=100/49/49653d017b61752d33218672953687cf11260775.jpeg

"ကြောင်တွေလိုပဲ သူသေသွားတယ်လို့ ငါတို့ယုံကြည်တယ်။" လို့ပိုင်ရှင်ဖြစ်သူက ပြောပြခဲ့ပါတယ်။ Rubble ရဲ့ ထူးခြားတဲ့အသက်ဟာ လူ့နှစ်တွင် 145 နှစ်နှင့်ညီမျှပြီး သူ့ကို သမိုင်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အသက်အကြီးဆုံးကြောင်ဆယ်ကောင်ထဲမှ တစ်ကောင် ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ အသက်ရှင်ဖူးသမျှ အသက်အကြီးဆုံးကြောင်ကတော့ Austin, Texas မှ Creme Puff ဖြစ်ပြီး၊ 2005 ခုနှစ်မှာ အသက် 38 နှစ်နဲ့ သုံးရက်တွင် သေဆုံးသွားခဲ့ပါတယ်။ သို့သော်လည်း Rubble ဟာ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး သက်ရှိကြောင်အဖြစ် တရားဝင်အမည်‌ေပးခြင်း မခံခဲ့ရပါဘူး။

https://s9.kh1.co/__image/w=650,h=650,q=100/4f/4f04e68a94afd6acc6a0ad437340b8be3714782e.jpg
https://s9.kh1.co/__image/w=650,h=650,q=100/81/814e80980c6cd27af9c20775a5f9bfaba26e7924.jpg

Michele က ဒါနဲ့ပတ်သက်ပြီး “ဂင်းနစ်မှတ်တမ်းစာအုပ်ရဲ့ လမ်းကြောင်းကို ကျွန်မတို့ ဘယ်တုန်းကမှ မသွားခဲ့ဘူး။ ဒါကြောင့် သူရဲ့အသက် ဘယ်လောက်ရှိကြောင်းကိုမပြောပြခဲ့ပါဘူး။ ဒီမှတ်တမ်းကိုလည်း ကျွန်မတို့ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ပါဘူး။ သူဟာ အဆုံးထိ မြန်မြန်ဆန်ဆန် ကြီးပြင်းလာခဲ့တယ်၊ ဒါကြောင့် ရူဘယ်လ်နဲ့ အတူ ကုန်ဆုံးခဲ့တဲ့ နောက်ဆုံးအချိန်ဖြစ်မယ်ထင်တယ်လို့ ခရစ္စမတ်မှာ ကျွန်မခင်ပွန်းကို ပြောခဲ့တယ်။" လို့ ပြောပြခဲ့ပါတယ်။ Michele မှာ Meg လို့ခေါ်တဲ့ နောက်ထပ်ကြောင်တစ်ကောင်ရှိခဲ့ပြီး အသက် 25 နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ Rubble ဟာ 2018 ခုနှစ်တွင် အသက် 30 နှစ်ပြည့် မွေးနေ့ကို Exeter ရှိ City Vets တွင် ပါတီတစ်ခုဖြင့် ကျင်းပခဲ့ပြီး သူနှစ်သက်သော ကြောင်စာကိုစားခဲ့ကာ အခမဲ့ စစ်ဆေးမှုတို့ကို ပြုလုပ်ခဲ့ပါတယ်။ Rubble က “အသက်ကြီးလာတဲ့အခါ အနည်းငယ်စိတ်ညစ်” လာကြောင်း Michele ကထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/1e/1e94e79888b8294b45cdbdc06cc5bd7591c721f2.jpg
https://s9.kh1.co/__image/w=640,h=853,q=100/d0/d0daa4bd7481ccbe24478b55c61dd973f3424189.jpg

သတင်း အရင်းအမြစ်Exepose

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T