ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးတွေ ရဖို့အတွက်ဆိုရင် အိမ်မှာပဲ လွယ်လင့်တကူ ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ နည်းလမ်းကောင်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။သင့်အိမ်မှာ ကိုယ်အမြဲစားနေကျ ထမင်းရှိရင် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်မှာ ဖြစ်ပါတယ်၊၊

ပထမဦးစွာ အသင့်ကျက်နေတဲ့ထမင်းကို စားပွဲတင်ဇွန်းနဲ့ သုံးလေးဇွန်းလောက် ခူးပြီး သန့်ရှင်းတဲ့ ပန်းကန်လုံးထဲကို ထည့်ထားပါ။

ဒုတိယအဆင့်အနေနဲ့ သံလွင်ဆီကို စားပွဲတင်ဇွန်းရဲ့ လေးပုံတစ်ပုံလောက် ခုနက ထမင်းထည့်ထားတဲ့ ပန်ကန်ထဲသို့ ထည့်လိုက်ပါ။

တတိယအဆင့်အနေနဲ့ သန့်ရှင်းတဲ့ရေကို အနည်းငယ်လောင်းထည့်ပါ။ရေများသွားရင်အဆင်မပြေတဲ့အတွက် နည်းနည်းထိန်းထည့်ပေးပါ။

စတုတ္ထအဆင့်အနေနဲ့ ခုနက ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ထမင်း၊သံလွင်ဆီရယ် ရေရယ်ထည့်ထားတာကို သင့်အိမ်မှာရှိတဲ့ Blender ထဲသို့ထည့်ပြီး ကြိတ်လိုက်ပါ။ကြိတ်လို့ရလာတဲ့ ထမင်းနဲ့ပြုလုပ်ထားတဲ့ Hair conditioner အရည်ကို မိမိရဲ့ခေါင်းကို ခေါင်းလျှော်ရည်နဲ့လျှော်ပြီးရေဆေးချပြီးနောက်ပိုင်းမှာ ဦးရေပြားပေါ်လိမ်းပြီး ၅ မိနစ်လောက်ကြာသည်အထိ ထားပြီး ရေပြန်ဆေးချပါ။အဲလိုလုပ်ပေးခြင်းအားဖြင့် သင်ဟာ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုက်ဆံတစ်ပြားမှ မကုန်ပဲ ရရှိမှာပဲ ဖြစ်ပါတယ်။