စက်တင်ဘာလ ၂၇ ရက်နေ့တွင် Hankook Ilbo က Min Hyo Rin သည်လက်ရှိတွင်ကိုယ်ဝန်ရှိနေပြီးမကြာမီမွေးဖွားရန်မျှော်လင့်ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ် ။

Min Hyo Rin ရဲ့ အေဂျင်စီကလည်း ဒီသတင်းအကြောင်းအရာကိုအတည်ပြုပြောကြားပေးခဲ့ပြီး Min Hyo Rin တစ်ယောက်လည်းအပျော်ကြီးပျော်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင်သူမရဲ့ အေဂျင်စီက Min Hyo Rin တစ်ယောက် အေးဆေးစွာ မီးဖွားနိုင်ဖို့အတွက် မေးခွန်းတွေထပ်မံမမေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ် ။


BIGBANG အဖွဲ့ဝင် Taeyang နှင့်မင်းသမီး Min Hyo Rin တို့သည် ၂၀၁၄ ခုနှစ်တွင် Taeyang ၏“ 1AM” တေးဂီတဗီဒီယိုတွင်ပထမဆုံးတွေ့ဆုံခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီတွင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ် ။ Congratulations ပါနော်......။

သတင်း အရင်းအမြစ်៖ Twitter