တောင်ကိုရီးယား မိန်းကလေးအဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ BLACK PINKအဖွဲ့ကို ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ် ။ အာရှနိုင်ငံတွေမှာသာမက အနောက်ဥရောပနိုင်ငံတွေအထိပါ ထိုးဖောက်အောင်မြင်နေတဲ့ BLACK PINKအဖွဲ့ဟာ အဖွဲ့လိုက်အောင်မြင်မှုတွေသာမက တစ်ဦးချင်း solo အနေနဲ့လည်း အောင်မြင်မှုများစွာရရှိထားတာဖြစ်ပါတယ် ။

မကြာသေးမီကလည်း BLACK PINKအဖွဲ့ရဲ့ member တစ်ဦးဖြစ်တဲ့ LISAက သူမရဲ့ solo album ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ LALISA ဆိုတဲ့ music videoကလည်း ထွက်ရှိပြီး နာရီပိုင်းအကြာမှာ YouTube viewersပေါင်း သန်းနဲ့ချီကာရရှိခဲ့သလို album sales များစွာလည်းရရှိခဲ့တာဖြစ်ပါတယ်။


Lisa ရဲ့ အသစ်ထွက်ရှိထားတဲ့ LALISA သီချင်းကို BLACK PINK memberတစ်ဦးဖြစ်တဲ့ Rosé ကလည်း Lisaနဲ့အတူ လိုက်ကရင်း Tik tokဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဒီ tik tok ဗီဒီယိုလေးကြောင့် ကြည့်ရှူသူတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်៖ Myanmarload