ပရိသတ်အားပေးမှု တစ်ဟုန်ထိုးမြင့်တက်လာခဲ့တဲ့ Kim SeonHo နှင့် Shin Min Ah တို့ရဲ့ "Hometown Cha-Cha-Cha" ဇာတ်လမ်းတွဲလေးကို ပရိသတ်တွေလည်း ကြည့်ရှုနေကြမယ်ထင်ပါတယ်။ ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့မှာ အခြေခံရိုက်ကူးထားတဲ့ သွားဆရာ၀န်မလေးနဲ့ ခေါင်းဆောင်ဟုံတို့ရဲ့ အချစ်ဟာသဇာတ်မြူးကားလေးဟာ စတင်ပြသခဲ့တဲ့ရက်တည်းကတိုင် ကြည့်ရှုနှုန်းအများအပြားရရှိနေတာပါ။


ဒီဒရမ်မာ ဇာတ်လမ်းလေးရဲ့ အပိုင်း (၃)မှာဆိုရင် မင်းသမီး Shin Min Ah ဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုသွားဖို့အတွက် လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေကြားမှာ ထင်ပေါ်စေနိုင်ဖို့အတွက် အလှပြင်နေတဲ့အခန်းမှာဆိုရင် သူမရဲ့ အမျိုးမျိုးသော၀တ်စုံတွေနဲ့ နှုတ်ခမ်းနီတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအခန်းမှာဆိုရင် Shin Min Ah ရဲ့ Lipsticks တွေက မိန်းကလေးပရိသတ်အတော်များများရဲ့ စိတ်၀င်စားစရာဖြစ်ခဲ့ပါတယ်။

ဒီနှုတ်ခမ်းနီတွေက Givenchy Le Rouge Deep Velvet Matte Lipsticks တွေဖြစ်ကြပြီး မင်းသမီးက ရောင်စုံနီးပါးဆိုးပြသွားတာကို တွေ့ရပါတယ်။ ဒီနှုတ်ခမ်းနီတစ်ချောင်းရဲ့ တန်ဖိုးဟာ မြန်မာငွေ ၁သိန်း၂သောင်းခန့်ရှိတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Twitter