ငှက်ဖျားရောဂါအကြောင်းနဲ့ပတ်သတ်လို့ စာဖတ်သူပရိသတ်ကြီးလည်း သိရှိကြပြီးသားဖြစ်မှာပါ။ ငှက်ဖျားရောဂါဆိုတာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ခန့်မှန်ခြေအားဖြင့် နှစ်စဉ်ရောဂါကူးစက်သူဦးေရ သန်း၂၁၀ ရှိပြီး ထိုေရာဂါေကြာင့် သေဆုံးသူဦးရေမှာ ၄၄၀,၀၀၀ ထိရှိပါတယ်။ အဆိုးဆုံးကတော့ ထိုရောဂါကြောင့် ကလေးသူငယ်တွေဟာ အများဆုံးသေဆုံးကြရတာပဲဖြစ်ပါတယ်။ ငှက်ဖျားရောဂါရှိသူအနေနဲ့ ဖျားနာခြင်း၊ အဖျားတက်ခြင်းနှင့် တုန်ခါနေခြင်းတို့ကို ခံစားရပါလိမ့်မယ်။


ငှက်ဖျားရောဂါသည် သွေးမှတစ်ဆင့်ကူးစက်နိုင်ပြီး ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု၊ သွေးသွင်းခြင်း နှင့် အပ်များကို မျှဝေအသုံးပြုခြင်း သို့မဟုတ် ဆေးထိုးအပ်များကိုအသုံးပြုခြင်းဖြစ်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ငှက်ဖျားရောဂါလက္ခဏာများကတော့ ဖျားနေချိန်မှာ အပူချိန်မြင့်မားခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးများအပြင်းအထန် ထွက်လာခြင်း၊ ကြွက်သားများနာကျင်မှုဖြစ်ခြင်းနှင့် မစင်တွင်သွေးပါနေခြင်းတို့ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ငှက်ဖျားရောဂါကို ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားရပါမယ်။ ခုလိုမိုးရာသီမှာလည်း ခြင်တွေဟာ ပွားများတက်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ ငှက်ဖျားရောဂါအပြင် Covid ရောဂါဟာလည်း ခုချိန်မှာ မျိုးစိတ်သစ်တို့ပြောင်းလဲကာ ကူးစက်မှုတွေရှိေနတာကြောင့် ပိုမိုသတိထား ဂရုစိုက်သင့်ပါတယ်။

သတင်း အရင်းအမြစ်៖ Apollo Clinic