တရုတ်နိုင်ငံက ထူးခြားတဲ့ကျောက်တုံးသစ်တော

//s9.kh1.co/18/188b2c9c01f2f030c56ececa76b295bf0f13a186.jpg
MPT

 ၁၁-သြ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

တရုတ်နိုင်ငံက ထူးခြားတဲ့ကျောက်တုံးသစ်တော

သစ်တောလို့ပြောလိုက်တာနှင့်အပင်စိမ်းစိမ်းတွေအများကြီးရှိပြီး နွယ်ပင်တွေ ပြည့်နေတဲ့နေရာမျိုးကိုပဲဆိုလိုကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ယူနနန်ပြည်နယ်မှာရှိတဲ့ ဒီတောအုပ်ကတော့ အစိမ်းရောင်အပင်တွေရှိနေတဲ့တောအုပ်မဟုတ်ဘဲ ကျောက်တုံးတွေနှင့်ကျောက်သားတွေအမျိုးမျိုးရှိနေတဲ့ တောအုပ်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=705,q=100/b8/b841af7898fc4b8cef1abe51204d4a992ebe2464.jpg

ဒီတောအုပ်ထဲကကျောက်ဆောင်တွေဟာ ထူးခြားတဲ့ပုံပန်းသွင်ပြင်တွေရှိပြီးတော့ နေရာတစ်ခုလုံးမှာအပြည့်ဖြစ်နေတာဖြစ်ပါတယ်။ ကျောက်တောင်တွေဟာအမြင့်ကြီးတွေဖြစ်ပြီးတော့ အခက်အလက်တွေထွက်နေတဲ့ပုံလိုမျိုး ချွန်ထွက်နေတာတွေရှိသလို မြေပြင်မှာပဲရှိနေတဲ့ကျောက်ဆောင်တွေလည်းအများကြီးရှိနေပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/4d/4d6b70abc708917d43c34604048ad445f640012c.jpg

ဒီကျောက်တုံးသစ်တောဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတည်းက ဖြစ်တည်လာခဲ့တဲ့နေရာဖြစ်ပြီးတော့ တိုက်စားမှုတွေကြောင့် အခုလိုမျိုးပုံစံအမျိုးမျိုးရှိနေတဲ့သစ်တောအုပ်ကြီးဖြစ်လာတာဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျောက်တုံးသစ်တောကိုခရီးသွားတွေသွားရောက်လည်ပတ်နိုင်ပြီးတော့ လေ့လာမှုတွေလုပ်နိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T