ရုရှားနိုင်ငံကထူးခြားတဲ့ကျောက်တုံး ခုနှစ်ခု

//s9.kh1.co/74/74726ff032569ef8b1ad5fe739258b08ed5bf33c.jpg
MPT

 ၁၀-သြ-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

ရုရှားနိုင်ငံကထူးခြားတဲ့ကျောက်တုံး ခုနှစ်ခု

ဒေသခံတွေက ရုရှားရဲ့ သန်မာတဲ့အမျိုးသားခုနှစ်ယောက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီကျောက်တုံးကြီးတွေဟာ ထူးခြားတဲ့ကျောက်တုံးကြီးတွေဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင်လူတွေဖန်တီးထားတဲ့တည်ဆောက်မှုနှင့်တူညီနေတဲ့ ဒီကျောက်တုံးတွေဟာ တစ်ကယ့်သဘာဝတရားကြောင့်ဖြစ်လာတဲ့ဖန်တီးမှုဖြစ်ပြီးတော့ နှစ်ပေါင်းများစွာရေလေနှင်းတိုက်စားမှုတွေကြောင့်ဖြစ်လာတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=616,q=100/e2/e20d88b952f23b7484cfd4da1bf2924e2c86d064.jpg

ကျောက်တုံးကြီးတွေတည်ရှိနေတဲ့တောင်တန်းကို နတ်ဘုရားတွေနေတဲ့နေရာလို့လည်း ဒေသခံတွေကယုံကြည်ကြပါတယ်။ ဒီကျောက်တုံးကြီးတွေဟာ ထူးဆန်းစွာနှင့်ပဲ ၃၀ ကနေ ၄၀ မီတာလောက်အထိမြင့်မားပြီးတော့ အခုချိန်ထိမပျက်စီးဘဲရှိနေတာဖြစ်ပါတယ်။ ကျောက်တုံးကြီးတွေရဲ့တည်နေရာဟာ သဘာဝတရားကိုသေချာမြင်ရတဲ့အပြင်ရှုခင်းတွေကလည်းအတော်လေးလှတာကြောင့်နာမည်ကြီးတဲ့နေရာတစ်နေရာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=439,q=100/d4/d4454cf4883d3c350818d9df1e55bad2b7b11aa9.jpg

ဒါ့အပြင် အခုလိုမျိုးထူးခြားတဲ့ပုံစံဖြစ်လာအောင် ဘယ်လိုတိုက်စားမှုတွေကပြုပြင်ခဲ့တယ်ဆိုတာကလည်း လျှို့ဝှက်ပြီးတော့ ထူးခြားတဲ့အကြောင်းအရာအနေနှင့်တည်ရှိနေဆဲပဲဖြစ်ပါတယ်။ ရုရှားရဲ့ Ural တောင်တန်းတွေကြာမှာတည်ရှိနေတဲ့ ဒီနေရာဟာ သဘာဝနှင့်အနီးစပ်ဆုံးဖြစ်ချင်တဲ့သူတွေအတွက် တစ်ကယ်ကောင်းမွန်တဲ့နေရာပဲဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T