ဗင်နီဇွဲလားနိုင်ငံဟာ ထူးခြားတဲ့သဘာဝရှုခင်းတွေ သဘာဝတရားအလှတွေရှိတာကြောင့်နာမည်ကြီးပါတယ်။ အခုလိုသဘာဝတရားအလှတွေထဲမှာRoraima တောင်ဟာလည်း အထူးခြားဆုံးနှင့် အမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေနှင့်အတူ ပါဝင်နေပါတယ်။ တောင်ရဲ့ပုံပန်းသွင်ပြင်ကိုယ်တိုင်က တစ်ခြားတောင်တွေလိုမျိုး ထိပ်မှာစုချွန်သွားတာမျိုးမရှိဘဲ အပြားလိုက်ဖြစ်နေတာဖြစ်ပါတယ်။

တရုတ်ဇာတ်လမ်းတွေထဲကလိုမျိုး ထူးခြားတဲ့ပုံပန်းသွင်ပြင်ရှိတဲ့အပြင် တောင်ပေါ်မှာလည်း သေချာမလေ့လာရသေးတဲ့အပင်နှင့်တိရစ္ဆာန်တွေရှိနေနိုင်တယ်လို့သိရပါတယ်။ ဒီတောင်ဟာ Pakaraima နယ်မြေထဲမှာအမြင့်ဆုံးအဖြစ်သတ်မှတ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ဗင်နီဇွဲလားရဲ့အမြင့်ဆုံးနေရာအဖြစ်ပါသတ်မှတ်ထားတာကြောင့် စွန့်စားသွားလာသူတွေအတော်လေးစိတ်ဝင်တစားရှိကြတဲ့နေရာဖြစ်ပါတယ်။

တောင်ရဲ့အမြင့်ဆုံးနေရာကို Laberintos del Norte လို့ခေါ်ပြီးတော့ ခရီးသွားနှင့်တောင်တက်ဝါသနာပါသူတွေအတော်လေးသဘောကျကြတဲ့နေရာဖြစ်ပါတယ်။ ဒီတောင်ကိုသွားပြီးလည်ပတ်ချင်တယ်ဆိုရင်တော့ မိုးလေကင်းပြီးသာယာတဲ့ ဒီဇင်ဘာလကနေပြီး ဧပရယ်လအတွင်းမှာသွားနိုင်ပါတယ်။