အင်းဆက်တွေဟာ လူသားတွေအတွက်အသုံးဝင်တဲ့အကောင်တွေဖြစ်ကြသလို တစ်နည်းအားဖြင့် လူတွေကိုအတော်လေးဒုက္ခပေးနိုင်ကြတဲ့အကောင်တွေလည်းဖြစ်ပါတယ်။ အဆိပ်ရှိတဲ့အင်းဆက်တွေကြောင့် လူတွေအသက်ဆုံးရှုံးနိုင်သလို အခုဖော်ပြပေးမဲ့အင်းဆက်ကတော့ အဆိပ်မရှိပေမဲ့ လူထောင်ပေါင်းများစွာကိုသေဆုံးစေခဲ့တဲ့အင်းဆက်အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီ့အင်းဆက်ကတော့ ခြင်တွေပဲဖြစ်ပါတယ်။

ခြင်တွေဟာ လူတွေနှင့်အမြဲတမ်းအနီးကပ်ဆုံးနေရာမှာရှိနေတတ်တဲ့အင်းဆက်တွေဖြစ်ပါတယ်။ အကောင်သေးငယ်ပေမဲ့ လူသားတွေကိုအန္တာရာယ်အပေးဆုံးနှင့် ဒုက္ခအရောက်စေဆုံးကလည်းခြင်တွေပဲဖြစ်ပါတယ်။ အကြောင်းကတော့ ခြင်တွေဟာ သွေးကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုသယ်ဆောင်နိုင်တာကြောင့်ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ အဆိပ်မရှိပေမဲ့ သူတို့သယ်ဆောင်လာတဲ့ဗိုင်းရပ်စ်တွေ ရောဂါတွေဟာပြင်းထန်တဲ့သေကြေပျက်စီးမှုတွေကိုဖြစ်စေတာကြောင့်ပါ။

ဒါကြောင့်ပဲခြင်တွေဟာ လူတွေသေဆုံးရမှုအကြောင်းရင်းအများဆုံးထဲကအကောင်တွေဖြစ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် မလေးရီးယားလို့ခေါ်တဲ့ငှက်ဖျားရောဂါကိုသယ်ဆောင်တဲ့ခြင်မတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေအများကြီးအသက်ဆုံးပါးနေရတာပါ။ ၂၀၂၁ မှာဆိုရင် ငှက်ဖျားရောဂါကြောင့်ပဲ လူပေါင်းခြောက်သိန်းကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။