ခြောက်ခြားစရာကောင်လွန်းတယ်လို့ သတ်မှတ်ကြတဲ့ ဇက်လက် အော်ဇူရီ ဘုရားကျောင်း

//s9.kh1.co/d3/d3ed79a04d8c5e81bddab036303fc1d10210ff79.jpg
MPT

 ၃၀-လိုင်-၂၀၂၄ ၁၁pm · လွန်ခဲ့သော ၉ လ က

ခြောက်ခြားစရာကောင်လွန်းတယ်လို့ သတ်မှတ်ကြတဲ့ ဇက်လက် အော်ဇူရီ ဘုရားကျောင်း

ချက်သမ္မတနိုင်ငံမှာရှိတဲ့ ဒီအရိုးစုဘုရားကျောင်းကြီးဟာ တစ်ယောက်တည်းလည်ပတ်ဖို့အတွက် ထိတ်လန့်စရာကောင်းလွန်းတဲ့နေရာပါ။ ဘုရားကျောင်းတစ်ခုလုံးကိုအရိုးတွေနဲ့ပဲဖန်တီးထားတာဖြစ်ပြီးတော့ ဒီအရိုးတွေအားလုံးဟာလည်း တကယ့်လူရိုးတွေဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/78/78e7b3c01c677d587bf209c5de5bf9751dcf4993.jpg

အရိုးတွေနှင့်ပဲ တစ်နေရာလုံးကိုအလှဆင်ထားတဲ့ ဒီဘုရားကျောင်းဟာ ပရိဘောဂတွေကအစလူအရိုးတွေနှင့်ဖန်တီးထားတာဖြစ်ပါတယ်။ လေ့လာချက်တွေအရဆို လူပေါင်း လေးသောင်းကနေ ခုနှစ်သောင်းဝန်းကျင်ရဲ့ အရိုးစုတွေနှင့်အလှဆင်ထားတာပါ။ ၁၈ ရာစုအစပိုင်းမှာ ဘုရားကျောင်းဟာသူတော်စင်တွေကိုပဲ မြုပ်နှံခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီနေရာမှာမှမြုပ်နှံခံချင်သူတွေများလာတာကြောင့် ဒီလိုကြီးမားတဲ့သင်္ချိုင်းဘုရားကျောင်းတစ်ခုဖြစ်လာတာပါ။ 

https://s9.kh1.co/__image/w=650,h=862,q=100/d0/d0d4793d064fab1fb09d8c7a9eecb113728d1c7b.jpg

ဘုရားကျောင်းအတွင်းမှာ ထိတ်လန့်စရာဖြစ်ရပ်တွေမဖြစ်ဖူးပေမဲ့ ကြည့်လေရာမှာအရိုးစုနှင့်ခေါင်းခွံတွေပဲတွေ့နေရမှာဖြစ်တာကြောင့် တစ်ကိုယ်တော်မလည်ပတ်သင့်တဲ့နေရာစာရင်းမှာပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ‌အကြောက်လွန်တတ်တဲ့သူတွေအတွက် အတော်လေးစိတ်ခြောက်ခြားစေနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T