လူတွေအတွက်အန္တာရာယ်ရှိအဆိပ်တွေကိုပိုင်ဆိုင်ထားတဲ့ကြက်ဆူပင်

//s9.kh1.co/18/18a37b45b9d9d912c608103c98ec56224b653016.jpg
MPT

 ၂၇-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

လူတွေအတွက်အန္တာရာယ်ရှိအဆိပ်တွေကိုပိုင်ဆိုင်ထားတဲ့ကြက်ဆူပင်

ကြက်ဆူပင်တွေဟာ အာဖရိကမျိုးရင်းအပင်တွေဖြစ်ပြီးတော့ ကမ္ဘာအနှံ့မှာစိုက်ပျိုးကြတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီကြက်ဆူပင်ရဲ့အစေ့တွေကနေပြီး လောင်စာဆီတစ်ခုဖြစ်တဲ့  ကြက်ဆူဆီရနိုင်တယ်ဆိုတာကိုလည်း လူတော်တော်များများသိကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/12/12f5aaf21de1d1bb4d5461d084854b8034e8e72d.jpg

ဒါပေမဲ့ ဒီကြက်ဆူစေ့တွေဟာ ကြက်ဆူဆီပေးနိုင်ရုံတင်မကဘဲ လူတွေအတွက်အန္တာရာယ်ရှိတဲ့အဆိပ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ Ricin  လို့ခေါ်တဲ့ဓာတ်တစ်မျိုးဟာ အစေ့ထဲမှာပမာဏအနည်းငယ်လောက်ပါနေတာဖြစ်ပြီးတော့ ဒီဓာတ်ဟာ လူတွေကိုသေစေနိုင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=450,h=450,q=100/97/97a723979a9ccf8b56e6d13587848730a116c82b.jpg

အစေ့နှစ်စေ့လောက်မှာပါတဲ့ Ricin  ပမာဏဟာကလေးတွေကိုသေစေနိုင်ပြီးတော့ ရှစ်စေ့နှင့်အထက်ဆိုရင် အရွယ်ရောက်ပြီးလူတွေကိုသေသွားစေနိုင်တဲ့ပမာဏဖြစ်ပါတယ်။ ဒီကြက်ဆူစေ့ကို အရင်တုန်းကသေဒဏ်ပေးတာတွေမှာအသုံးပြုတာမျိုးရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေနှင့် အိမ်မွေးတိရိစ္ဆာန်အများစုဟာ ဒီကြက်ဆူစေ့ကိုမှားစားမိခြင်းကြောင့် သေဆုံးသွားတဲ့ကိစ္စရပ်တွေလည်းရှိခဲ့ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T