လှပတဲ့အသွင်အပြင်လေးနှင့်မလိုက်ဖက်တဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားတဲ့ Lily-Of-The-Valley

//s9.kh1.co/76/76c5f5b8fbe288c57117c255421a26c6b629eac8.jpg
MPT

 ၂၇-လိုင်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

လှပတဲ့အသွင်အပြင်လေးနှင့်မလိုက်ဖက်တဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားတဲ့ Lily-Of-The-Valley

Lily-Of-The-Valley ပန်းတွေဟာ သူတို့ရဲ့လှပတဲ့အသွင်အပြင်နှင့်ရနံ့တွေကြောင့်နာမည်ကြီးပြီးတော့ ဈေးလည်းမြောက်တဲ့ပန်းတွေဖြစ်ပါတယ်။ ဒီပန်းပွင့်တွေဟာ နှင်းစက်လေးလိုမျိုးတွဲလောင်းကျနေတဲ့အပွင့်လေးတွေကြောင့်နာမည်ကြီးတဲ့အပြင် တော်ဝင်မင်းသားမင်းသမီးတွေရဲ့မင်္ဂလာလက်ကိုင်ပန်းတွေဖြစ်ခဲ့ဖူးတာကြောင့်ပါနာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/8a/8a207352e9003dbc07fb82633fb1aeef3418e0b8.jpg

ဒါပေမဲ့ ဒီ Lily-Of-The-Valley ပန်းလေးဟာ ပြင်းထန်တဲ့အဆိပ်တွေကိုလည်းပဲပိုင်ဆိုင်ထားပါတယ်။ သူ့ဆီမှာရှိတဲ့ glycosides ဓာတ်တွေဟာ နှလုံးကိုရုတ်တရက်ပြင်းထန်စေပြီးတော့ နှလုံးရပ်တာမျိုးအထိဖြစ်သွားစေနိုင်ပါတယ်။ အပင်ရဲ့အနီရောင်ဘယ်ရီသီးလေးတွေဟာဆိုရင်တော့ စားမိရင် အသက်ပါသေဆုံးသွားစေနိုင်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/81/81a2f660568e52286dbd9d74cd27f56d4e157dda.jpg

တစ်ခြားအဆိပ်ရှိအပင်တွေလိုပဲ ဒီပန်းပွင့်တွေကိုလည်းရှေးခေတ်တုန်းကဆေးဖက်ဝင်အပင်အနေနှင့်သတ်မှတ်ပြီးတော့ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ္ပံပညာနှင့်လေ့လာမှုတွေအရတော့ ဒီအပင်ဟာလူသားတွေအတွက်အကျိုးဖြစ်စေတဲ့ အကြောင်းတစ်စုံတစ်ရာကိုတွေ့ရှိခြင်းမရှိပါဘူး။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T