ထူးခြားတဲ့အသွင်အပြင်ကိုပိုင်ဆိုင်ထားတဲ့ Hagfish

//s9.kh1.co/53/53572374aba3c10611d26f78ec9d53fc639b7ba5.jpg
MPT

 ၂၇-လိုင်-၂၀၂၄ ၈am · လွန်ခဲ့သော တစ်လ က

ထူးခြားတဲ့အသွင်အပြင်ကိုပိုင်ဆိုင်ထားတဲ့ Hagfish

ငါးရှဥ့်နှင့်တူတယ်လို့သတ်မှတ်ကြတဲ့ ဒီငါးတွေဟာ မျှော့နှင့်တူတဲ့ကိုယ်ထည်အပြင် တိကျတဲ့မျက်လုံးမျက်နှာမရှိတာကြောင့် ကြောက်စရာကောင်းတဲ့ငါးအဖြစ်လူသိများပါတယ်။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းကရေအေးတွေမှာနေထိုင်ကြပြီးတော့ အစာအာဟာရအဖြစ် အသေကောင်တွေနှင့် ငါးအသေးစားလေးတွေကိုစားသောက်ကြပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/ef/ef077712dd89e611fb1e56f7124059510321a984.jpg

ဒီငါးဟာ ဆောင်းခိုနိုင်တဲ့အစွမ်းရှိတာကြောင့်အစာမစားဘဲလနှင့်ချီနေနိုင်တဲ့အပြင် အစာစားပြီးသွားရင်ရေအောက်သဲတွေထဲကိုကျင်းတူးပြီးဝင်သွားလေ့ရှိပါတယ်။ အကျိအချွဲတွေများပြီးတော့ သူတို့ရဲ့ရှည်လျားတဲ့အမြီးတွေကိုသုံးပြီးတော့ သားကောင်ကိုညှစ်ဖမ်းကြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=564,h=423,q=100/d5/d5ad14e7e5d577d43ef2bf7f9e0f19cc3be889ec.jpg

ဒီငါးတွေဟာ သူတို့ရဲ့အရေပြားကနေတစ်ဆင့်အစာအာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းရှိပြီးတော့ အရိုးမဲ့ငါးလည်းဖြစ်ပါတယ်။ သူတို့မှာမေးရိုးမရှိသလို ကျောရိုးလည်းမရှိပါဘူး။ Hagfish တွေဟာ ပင်လယ်ရေအောက်ကြမ်းပြင်က အသေကောင်တွေကိုစားသုံးပေးကြတာကြောင့် သဘာဝရဲ့ဂေဟစနစ်ထဲမှာ အတော်လေးအရေးပါတယ်လို့သတ်မှတ်နိုင်တဲ့အကောင်တွေပဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T