ဆိုက်ဘေးရီးယားရဲ့ အပြာရောင်မျက်လုံးလို့တင်စားကြတဲ့ Baikal ရေကန်

//s9.kh1.co/39/39e3ac17a238dcb7e8a96ef987c015b6a13d3ed0.jpg
MPT

 ၂၅-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

ဆိုက်ဘေးရီးယားရဲ့ အပြာရောင်မျက်လုံးလို့တင်စားကြတဲ့ Baikal ရေကန်

ဆိုက်ဘေးရီးယားတောင်ပိုင်း ရုရှားနိုင်ငံမှာတည်ရှိနေတဲ့ Baikal ရေကန်ဟာ ကမ္ဘာပေါ်မှာသက်တမ်းအကြာဆုံးလို့သတ်မှတ်ထားတဲ့ရေကန်ဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ မီလီယမ်လောက်ကတည်းကတည်ရှိလာခဲ့တာဖြစ်ပြီးတော့ သက်ရှိတွေအများကြီးမှီတင်းနေတဲ့နေရာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/09/09fffb3bffe1c1b65d311fc0c619933d008a9d35.jpg

၁၉၉၆ မှာ ယူနက်စကိုကနေပြီး ဒီရေကန်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဒီနေရာအနီးတဝိုက်ဟာ Baikal Rift Zone  လို့ခေါ်တဲ့နေရာဖြစ်ပြီးတော့ ရေကန်ရဲ့ပုံစံကိုသာမက ကမ္ဘာမြေပေါ်က နေရာဒေသတွေရဲ့ပုံစံတွေကိုပါပုံသွင်းပေးတဲ့နေရာဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ ထုထည်အားဖြင့်ဆိုရင်အကြီးဆုံးရေကန်ကြီးဖြစ်ပြီးတော့ ကမ္ဘာပေါ်ကရေချိုတွေရဲ့ ၂၂ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/1f/1fc53b66ac7832eaac0aa84a112c3cf9f3d925f8.jpg

ဒါ့အပြင် ဒီရေကန်ကြီးဟာ ကျွန်းပေါင်း ၂၀ ကျော်အထိရှိတဲ့ရေကန်ကြီးဖြစ်ပါတယ်။ မျက်နှာပြင်ဧရိယာဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၅၉ နိုင်ငံထက်ကျယ်ဝန်းပြီးတော့ အနက်ကလည်း ပေတစ်ထောင်ကျော်ရှိနေတာဖြစ်ပါတယ်။ ရေကန်တွင်းမှာမှီတင်းနေထိုင်တဲ့ တိရိစ္ဆာန်နှင့်အပင်တွေရဲ့ သုံးပုံနှစ်ပုံဟာ ရှားပါးအရာတွေဖြစ်ပြီးတော့ ကမ္ဘာပေါ်ကတစ်ခြားနေရာတွေမှာ မတွေ့နိုင်တဲ့အရာတွေဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T