ထူးခြားတဲ့သားမွှေးတွေကြောင့်နာမည်ကြီးတဲ့ Cross Fox

//s9.kh1.co/8c/8cc9713c2067bbe8dccbb4731247fb1c3a47b0c2.jpg
MPT

 ၂၅-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

ထူးခြားတဲ့သားမွှေးတွေကြောင့်နာမည်ကြီးတဲ့ Cross Fox

Cross Fox တွေဟာ မြောက်အမေရိကမှာပေါပေါများများရှိနေတဲ့မြေခွေးတွေဖြစ်ကြပါတယ်။ ဒီမြေခွေးတွေဟာ သူတို့ရဲ့ထူးခြားတဲ့အမွှေးတွေနှင့်ပတ်သက်ပြီးတော့နာမည်ကြီးကြသလို ထူးခြားတဲ့ကိုယ်ပိုင်လက္ခဏာတွေလည်းအများကြီးပိုင်ဆိုင်ထားကြပါတယ်။  သူတို့ဟာနာမည်ကြီးတဲ့မြေခွေးနီတွေလိုမျိုး လှပတဲ့လိမ္မော်ရောင်အမွှေးတွေရှိပြီးတော့ ဒီအမွှေးတွေကိုအနက်ရောင်အမွှေးတွေကပါထပ်ပြီးရောစပ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/73/739a242053c1551b66a94dd5aed7c986f0d624b0.jpg

ဒီလိုလိမ္မော်ရောင်နှင့်အနက်ရောင်ရောစပ်မှုဟာ ကြည့်ကောင်းပြီးတော့ထူးခြားတဲ့အသွင်အပြင်ကိုဖြစ်စေပါတယ်။ နဂိုတုန်းက သိပ္ပံပညာရှင်တွေဟာ ဒီမြေခွေးတွေဟာမျိုးစိတ်အသစ်များလားဆိုပြီးလေ့လာခဲ့ကြပေမဲ့ အမှန်တော့ Cross Fox တွေဟာ မြေခွေးနီမျိုးစိတ်ကပဲဖြစ်ပါတယ်။ မြေခွေးနီနှင့်ငွေရောင်မြေခွေးတို့မိတ်လိုက်ခြင်းကလည်း အခုလိုမျိုး Cross Fox တွေကိုဖြစ်လာစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/ca/caa100687c127d5903c9fb643f9f266ed2f492a0.jpg

ဒါ့အပြင် ငွေရောင်မြေခွေးတွေအချင်းချင်းကလည်း ဒီလိုမြေခွေးမျိုးကိုမွေးထုတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ သူတို့ရဲ့ထူးခြားတဲ့အမွှေးကြောင့် လူသားတွေရဲ့အကြိုက်ဆုံးသားမွှေးတိရိစ္ဆာန်တွေမှာ  Cross Fox တွေဟာထိပ်ဆုံးကနေပါဝင်နေပါတယ်။ လက်ရှိအချိန်မှာအကောင်ရေနည်းပါးခြင်းမရှိသေးပေမဲ့ သူတို့ကိုသေချာထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T