ဒီသစ်ခွတွေဟာ သစ်ခွတွေမှာသိပ်တွေ့ရလေ့မရှိတဲ့ အဝါရောင်နှင့် ခရမ်းရောင်ပေါင်းစပ်မှုဖြစ်ပြီးတော့ ထူးခြားတဲ့ပုံပန်းသွင်ပြင်ရှိတာကြောင့်နာမည်ကြီးပါတယ်။ မြောက်အမေရိကမျိုးရင်းဖြစ်တဲ့ ဒီသစ်ခွတွေဟာ ဖိနပ်ပုံစံရှိပြီးတော့ ထူးခြားတဲ့ပေါင်းစပ်မှုရှိတဲ့ပန်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီသစ်ခွတွေဟာ အလှအပတစ်ခုကြောင့်ပဲမဟုတ်ဘဲ ဆေးဖက်ဝင်တဲ့အရည်အချင်းတွေရှိနေတာကြောင့်လည်းနာမည်ကြီးပါတယ်။ သစ်ခွတွေဟာ မြောက်အမေရိကဒေသခံတွေကြားမှာ နှစ်ရှည်ဆေးဝါးတစ်ခုအနေနှင့်အသုံးပြုလာခဲ့ကြတဲ့ ပန်းဖြစ်ပါတယ်။ အိပ်မပျော်ခြင်း ကိုက်ခဲခြင်းနှင့် စိုးရိမ်စိတ်တွေကိုလျော့ပါးစေတယ်လို့နာမည်ကြီးတဲ့ပန်းဖြစ်ပါတယ်။
ဒါပေမဲ့ ခရမ်းဝါရောင်ဖိနပ်သစ်ခွပန်းတွေဟာ အခုချိန်မှာ အတော်လေးတွေ့ရခက်ခဲနေပြီဖြစ်တဲ့သစ်ခွမျိုးစိတ်တွေဖြစ်နေပြီဖြစ်ပါတယ်။ ထိန်းသိမ်းကာကွယ်မှုတွေလုပ်ဆောင်နေပေမဲ့ သဘာဝထဲမှာအပင်ရေအတော်လေးနည်းပါးနေပြီးတော့ တရားမဝင်ရောင်းဝယ်မှုတွေရှိနေဆဲပဲဖြစ်ပါတယ်။