ငါးမိုးတွေပုံမှန်ရွာတယ်ဆိုတဲ့ ယိုရိုမြို့လေး

//s9.kh1.co/a5/a548f43b42f83f90f00b8d27d8407cd176e28a7b.jpg
MPT

 ၂၄-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်လ က

ငါးမိုးတွေပုံမှန်ရွာတယ်ဆိုတဲ့ ယိုရိုမြို့လေး

အမေရိကတိုက်အလယ်ပိုင်းမှာ တည်ရှိပြီးတော့ ကားရေးဘီးယန်းပင်လယ်နှင့်နီးစပ်တဲ့ကမ်းခြေမြို့လေးယိုရိုဟာ ထူးခြားတဲ့အကြောင်းအရာတစ်ခုကြောင့် နာမည်ကြီးပါတယ်။ ဒီမြို့လေးဟာနှစ်စဥ်မုန်တိုင်းတွေရှိတဲ့အချိန်မှာ ငါးမိုးတွေရွာချလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ ငါးတွေဟာ ကောင်းကင်ပေါ်ကနေကျလာတာမဟုတ်ပေမဲ့ မြို့ရဲ့နေရာအနှံ့မှာငါးတွေကိုတွေ့ရပြီးတော့ ခေါင်မိုးတွေမှာပါတစ်ခါတစ်လေတွေ့ရတတ်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=602,h=419,q=100/14/1414bb88f32fc28c648c95b2ce5db28b8ff749a6.jpg

၁၉၇၀ တုန်းက ပညာရှင်တွေဟာ ဒီငါးမိုးအကြောင်းကိုလေ့လာဖို့ ယိုရိုမြို့ကိုသွားခဲ့ကြပါတယ်။ ဒါပေမဲ့ ငါးမိုးရွာတာကိုမတွေ့ရဘဲ နောက်တစ်နေ့မှာငါးတွေအပြည့်ဖြစ်နေတဲ့ မြို့ကြီးကိုပဲထူးခြားဆန်းကြယ်စွာတွေ့ခဲ့ရတာဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒီငါးတွေဟာ မုန်တိုင်းနှင့်အတူပါလာပြီးမြို့ထဲကိုဝင်လာပြီးတော့ ရေကျချိန်မှာကျန်နေတဲ့ငါးတွေဖြစ်နိုင်တယ်ဆိုပြီးသတ်မှတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ea/ea47e6ddf5d16e8bfde7ad98fe8d99fa0a99e340.jpg

ဒါပေမဲ့ တစ်မြို့လုံးငါးတွေပြည့်အောင်လုပ်နိုင်တဲ့လှိုင်းတွေသာမြို့ထဲကိုဝင်လာတယ်ဆိုရင် ဒီငါးတွေဟာကျန်နေစရာအကြောင်းမရှိဘဲ မုန်တိုင်းပြီးတာနှင့် ရေနှင့်ပြန်ပါသွားသင့်တယ်ဆိုပြီးလည်းပြောကြပါတယ်။ ဒါ့အပြင် နောက်ထပ်ထူးခြားတာကတော့ ဒီမြို့ထဲကိုရောက်လာတဲ့ငါးတွေဟာ ယိုရိုမြို့အနီးအနားကငါးတွေမဟုတ်ဘဲ ဝေးကွာတဲ့နေရာမှာပဲရှိကြတဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်နေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T