ထူးခြားပြီးတော့ တိရိစ္ဆာန်တစ်ကောင်ရဲ့မျက်နှာပုံစံရှိနေတဲ့ သစ်ခွပင်

//s9.kh1.co/1c/1c088156985e6ace66f91495e1001b07b58734a7.jpg
MPT

 ၂၂-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

ထူးခြားပြီးတော့ တိရိစ္ဆာန်တစ်ကောင်ရဲ့မျက်နှာပုံစံရှိနေတဲ့ သစ်ခွပင်

သစ်ခွပန်းအများစုဟာ သူတို့ရဲ့ ထူးခြားတဲ့အရောင်အသွေးနှင့် ပုံပန်းသွင်ပြင်တွေကြောင့်နာမည်ကြီးကြပါတယ်။ ဒါ့အပြင်တစ်ခြားအပင်တွေနှင့်မတူဘဲ သစ်ပင်တွေအပေါ်မှာရှင်သန်တဲ့အပြင် အစာနှင့်ရေကိုသူတို့ဘာသာစားတဲ့ပုံစံတွေကြောင့် အပင်လောကမှာ ထူးခြားပြီးသီးသန့်ဆန်တဲ့အပင်တွေအဖြစ်နာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=756,q=100/94/94eaee069f23489a486ece8ee23f9556c7894db4.jpg

ဒီ Dracula simia လို့ခေါ်တဲ့ သစ်ခွပန်းပင်တွေကတော့ တော်ရုံအပင်တွေစိတ်မဝင်စားတဲ့သူတွေတောင်မှ အံ့ဩတကြီးဖြစ်ရလောက်မယ့အသွင်အပြင်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့ဟာ အာဖရိကတောအုပ်တွေထဲမှာတွေ့ရတာဖြစ်ပြီးတော့ ပန်းပွင့်ရဲ့ပုံစံဟာ မျောက်တစ်ကောင်ရဲ့မျက်နှာနှင့်တူနေတာဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ဓာတ်ပုံလို့ထင်ရနိုင်ပေမဲ့ ဒီသစ်ခွဟာ အပြင်မှာဒီလိုပုံစံနှင့်တစ်ကယ်တည်ရှိနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/cb/cb8ceb093f0c093be8ea02206d9d6bc9d9197299.jpg

သူတို့ဟာ လိမ္မော်သီးအမှည့်အနံ့လိုမျိုးရနံ့ရှိပြီးတော့ ထူးခြားတဲ့သစ်သီးရနံ့ကိုပိုင်ဆိုင်ထားတဲ့ပန်းအမျိုးအစားလည်းဖြစ်ပါတယ်။ အီကွေဒေါနှင့် ပီရူးနိုင်ငံရဲ့တောအုပ်တွေထဲမှာ ပေါက်ရောက်တဲ့ဒီအပင်ကိုတွေ့နိုင်ဖို့အတွက်ဆိုရင် သင့်အနေနှင့် မီတာနှစ်ထောင်ကျော်အမြင့်လောက်ကိုသွားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ Dracula simia သစ်ခွတွေဟာ အမြင့်ပေနှစ်ထောင်ကျော်မှာပဲ ရှင်သန်နေတာကြောင့်ဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T