ပန်းချီကားချပ်လိုမျိုး အရောင်စုံတဲ့ကျောက်တောင်ကြီးတွေရှိနေတဲ့ Zhangye အမျိုးသားဥယျာဥ်

//s9.kh1.co/26/26cbcfeb087891fe731784e9a3da4dd95d0bb347.jpg
MPT

 ၂၁-လိုင်-၂၀၂၄ ၉am · လွန်ခဲ့သော တစ်နှစ် က

ပန်းချီကားချပ်လိုမျိုး အရောင်စုံတဲ့ကျောက်တောင်ကြီးတွေရှိနေတဲ့ Zhangye အမျိုးသားဥယျာဥ်

အနီရောင် အဝါရောင်နှင့် တစ်ခြားအရောင်တွေစုံနေပြီးတော့ သက်တံ့လိုမျိုးဖြစ်နေတဲ့ ကျောက်တောင်ကြီးတွေရှိတဲ့ Zhangye အမျိုးသားဥယျာဥ်ဟာ တရုတ်နိုင်ငံရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ပန်းချီကားချပ်တစ်ခု ဒါမှမဟုတ် လူတွေတစ်မင်ဖန်တီးထားတယ်လို့တောင်ထင်မြင်ရတဲ့ ဒီတောင်ကုန်းတွေဟာ အမှန်တော့ သဘာဝတရားကနေပြီး လုံးဝဖြစ်တည်လာခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=271,q=100/14/1460d8d4390f432f5b030d936eb1dee817e1fc57.jpg

ဒီကျောက်တောင်တွေဟာ နှစ်ကာလအဆက်ဆက် ရေမြေတိုက်စားမှုနှင့်ပြောင်းလဲမှုတွေကြောင့်အခုလိုမျိုးအရောင်စုံဖြစ်လာရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ မီလီယံလောက်ကတည်းက ဒီလိုအရောင်စုံတဲ့ကျောက်တောင်တွေဖြစ်လာနိုင်ဖို့အတွက် ကျောက်သားတွေဟာပြောင်းလဲမှုတွေဖြစ်တည်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီကျောက်တောင်အများစုဟာ သဲကျောက်တွေဖြစ်နေတာကြောင့် အရောင်ပိုတောက်ပြီးတော့ လှနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/35/35a753f5fe0e95ec8c3d7e761ab4398dcc1d4b18.jpg

နေသာပြီးတော့ တိမ်ကင်းတဲ့နေ့တွေမှာဆိုရင်Zhangye  ဥယျာဥ်ဟာလုံးဝအရောင်မျိုးစုံတောက်ပနေပြီးတော့ စိတ်ကူးယဥ်ကမ္ဘာထဲကနေရာလိုမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။ မိုးရွာတဲ့အချိန်နှင့်မိုးအုံ့ချိန်တွေမှာတော့ ကျောက်တောင်တွေရဲ့အရောင်ဟာညိုမှိုင်းသွားတာကြောင့်အလည်သွားဖို့အဆင်မပြေပါဘူး။ ဒီဥယျာဥ်ဟာတရုတ်နိုင်ငံရဲ့နာမည်ကြီးခရီးသွားနေရာတစ်ခုဖြစ်ပြီးတော့ ဧည့်သည်တွေအများကြီးကိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T