ကမ္ဘာမြေကြီးနှင့်ကောင်းကင်ဆုံတဲ့နေရာလို့တင်စားကြတဲ့ ဘိုလီးဗီးယားနိုင်ငံကသဘာဝမှန်ပြင်ကြီး

//s9.kh1.co/89/893ebe61719bff5e0a3b6acc86348cf861270706.jpg
MPT

 ၂၀-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာမြေကြီးနှင့်ကောင်းကင်ဆုံတဲ့နေရာလို့တင်စားကြတဲ့ ဘိုလီးဗီးယားနိုင်ငံကသဘာဝမှန်ပြင်ကြီး

 Salar de Uyuni  လို့ခေါ်တဲ့ ဒီနေရာဟာ ကမ္ဘာ့အထူးခြားဆုံးနှင့်အမိုက်ဆုံးနေရာတွေမှာ ထိပ်ဆုံးကနေပါဝင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာမြေကြီးနှင့်ကောင်းကင်ဆုံတဲ့နေရာလို့တင်စားကြတဲ့ဒီနေရာဟာ သဘာဝအတိုင်းဖြစ်တည်နေတဲ့ဆားလွင်ပြင်ကြီးရှိတဲ့နေရာဖြစ်ပါတယ်။ မှန်ချပ်လိုမျိုးတည်ရှိနေတဲ့ဒီလွင်ပြင်ကြီးဟာ တစ်သောင်းကီလိုမီတာပတ်လည်ကျယ်ဝန်းပြီးတော့ ဆားအပါအဝင်တစ်ခြားသတ္တုဓာတ်တွေပါဝင်နေတဲ့လွင်ပြင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=694,q=100/66/66a18137c637f6f77daaf28abb7d17b31dff0575.jpg

မှန်လိုမျိုးကြည်လင်တဲ့လွင်ပြင်ကြောင့် ကောင်းကင်ဟာခြေထောက်အောက်လွင်ပြင်မျက်နှာပြင်မှာပါထင်ဟပ်နေပါတယ်။ ဒါကြောင့် ရုတ်တရက်ကြည့်ရင် ကောင်းကင်နှင့်မြေကြီးလို့မသိရဘဲ အမြင်မှားနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့်လည်း ဒီလွင်ပြင်ကြီးဟာ အတော်လေးနာမည်ကြီးပြီးတော့ ခရီးသွားတွေအရောက်ဖူးချင်ဆုံးနေရာတစ်ခုဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=845,q=100/72/72e341c251fd046f4dcb24b1bcfe21c1da187121.jpg

ဒါပေမဲ့ ဒီဆားလွင်ပြင်မှာ သတ္တုဓာတ်တွေအပြင် lithium လို့ခေါ်တဲ့သတ္တုဓာတ်တစ်မျိုးပါတည်ရှိနေတယ်လို့ဆိုကြပါတယ်။ နာဆာရဲ့လေ့လာချက်တွေအရဆို ဆားလွင်ပြင်ကြီးရဲ့အောက်ဖက်မှာ lithium  တွေဟာအလွှာတစ်ခုရှိနေပေမဲ့ ဖယ်ထုတ်ဖို့အတွက် ကုန်ကျငွေများတဲ့အပြင် တူးဖော်ဖို့အတွက်လည်းခဲယဥ်းနိုင်တာကြောင့် အခုချိန်ထိတော့ ဘာမှမလုပ်ရသေးဘူးလို့သိရပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T