ပေါ်တူဂီနိုင်ငံမှာပဲ မြင်တွေ့နိုင်တဲ့ အကြီးမားဆုံးရေလှိုင်းကြီးများ

//s9.kh1.co/67/6722abbc850e2fa31cd33852fa4d0bd93518433e.jpg
MPT

 ၂၀-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ လ က

ပေါ်တူဂီနိုင်ငံမှာပဲ မြင်တွေ့နိုင်တဲ့ အကြီးမားဆုံးရေလှိုင်းကြီးများ

များသောအားဖြင့် လှိုင်းစီးချင်တဲ့သူတွေဟာ ဟာဝိုင်အီ နှင့်ဩစတေးလျကမ်းခြေတွေကိုပဲတွေးမိကြပေမဲ့ ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့လှိုင်းတွေကိုတော့ ပေါ်တူဂီနိုင်ငံမှာပဲတွေ့နိုင်တာဖြစ်ပါတယ်။ ဒီလှိုင်းတွေဟာ ပေါ်တူဂီနိုင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့ Nazare ရဲ့ကမ်းခြေတွေမှာတွေ့ရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=422,q=100/6b/6b8d3e8c9c750d9fd602624d0fd7d038926d9dcb.jpg

ဒီရေလှိုင်းတွေမြင့်တက်နေရတဲ့အကြောင်းရင်းကတော့ ဥရောပမှာအကြီးဆုံးလို့သတ်မှတ်နိုင်တဲ့ Nazare  ချောက်ကမ်းပါးရှိနေတာကြောင့်ဖြစ်ပါတယ်။ ချောက်ကမ်းပါးရဲ့တည်ရှိမှုဟာ Nazare ကမ်းခြေကလှိုင်းတွေကို ပေတစ်ရာလောက်အထိမြင့်တက်သွားစေတာဖြစ်ပါတယ်။ ဒီအမြင့်ဟာ ကမ္ဘာပေါ်ကတစ်ခြားနေရာတွေမှာတွေ့ရဖို့မလွယ်ကူတဲ့ အမြင့်အတိုင်းအတာရှိတဲ့လှိုင်းလုံးကြီးတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=399,q=100/d3/d33c739f53010faf029a9da36b3157cad70110aa.jpg

ဒီအမြင့်ဆုံးလှိုင်းလုံးကြီးတွေကိုကြည့်ဖို့အတွက် လူပေါင်းများစွာဟာ Nazare  မြို့ကိုအလည်အပတ်လာရောက်ကြပါတယ်။ ဒါ့အပြင် Nazare  မြို့ကမ်းခြေတွေဟာ အတော်လေးနာမည်ကြီးတာကြောင့် ဒီလှိုင်းလုံးကြီးတွေအပြင် အားလပ်ရက်အတွက် ကောင်းမွန်တဲ့ကမ်းခြေအဖြစ်ပါသတ်မှတ်ခံထားရတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T