အရှက်ကြီးလွန်းတဲ့ pygmy အပြာရောင်လျှာ အိမ်မြှောင်မျိုးစိတ်တစ်မျိုး

//s9.kh1.co/5d/5d71b370edef008b746e48ed81a3968b935e9450.jpg
MPT

 ၁၇-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ လ က

အရှက်ကြီးလွန်းတဲ့ pygmy အပြာရောင်လျှာ အိမ်မြှောင်မျိုးစိတ်တစ်မျိုး

အိမ်မြှောင်မျိုးစိတ်အများစုဟာ လှုပ်ရှားသွားလာရတာကိုသဘောကျပြီးတော့ အစာကိုအမဲလိုက်ပြီးစားကြလေ့ရှိပါတယ်။ ဒါ့အပြင် အငြိမ်နေနေတာရှားပါးပြီးတော့ ရန်သူတွေကိုတွေ့ရင် လျင်လျင်မြန်မြန်နှင့်ထွက်ပြေးပြီးတော့ တက်ကြွနေတတ်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/a3/a336e9f4604b49cf8717e7fc9bed105dc141527d.jpg

ဒါပေမဲ့ pygmy blue tongue skink  လို့ခေါ်တဲ့ အိမ်မြှောင်မျိုးစိတ်တစ်ခုကတော့ အတော်လေးကိုအရှက်အကြောက်ကြီးပြီးတော့ သူ့ကိုယ်ပိုင်တွင်းကနေထွက်လာခဲတဲ့အကောင်ဖြစ်ပါတယ်။ သူတို့ဟာကိုယ်ပိုင်တွင်းတွေကိုလည်းတူးလေ့မရှိဘဲ တစ်ခြားအကောင်တွေရဲ့တွင်းအဟောင်းတွေမှာပဲ နေကြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=450,h=294,q=100/7f/7f6b46552947a84ba09feb9d095453304cd079a2.jpg

ဒါ့အပြင်သူတို့ဟာအရှက်အကြောက်ကြီးလွန်းတာကြောင့် တွင်းထဲကနေအပြင်ကိုသိပ်ပြီးထွက်လေ့မရှိကြပါဘူး။ တစ်ခြားအကောင်တွေမမြင်အောင်အမြဲပုန်းခိုနေကြပြီးတော့ အစာကိုလည်းတွင်းအပြင်ထွက်ပြီးရှာတာမျိုးမလုပ်ကြပါဘူး။ သူတို့ဟာတွင်းအဝမှာထိုင်နေပြီး ပါးစပ်ဖွင့်ပြီးတော့အလိုလိုပါးစပ်ထဲရောက်လာတဲ့အကောင်တွေကိုပဲစားသုံးကြလေ့ရှိပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T