ထူးခြားတဲ့အသွင်အပြင်နှင့် စိတ်ဝင်စားဖို့ကောင်းနေတဲ့ ကာရီယွန်ပန်းပွင့်တွေအကြောင်း

//s9.kh1.co/e1/e1072823a387946f874e20a3f9cd056c6a46c549.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

ထူးခြားတဲ့အသွင်အပြင်နှင့် စိတ်ဝင်စားဖို့ကောင်းနေတဲ့ ကာရီယွန်ပန်းပွင့်တွေအကြောင်း

အနီရောင်ပွင့်ဖတ်အကြီးကြီးတွေရှိတဲ့ ဒီကာရီယွန်ပန်းပွင့်တွေဟာ အသွင်အပြင်မှာထူးခြားသလိုမျိုး အနံ့အသက်ကလည်းထူးခြားပါတယ်။ ပုပ်စော်နံနေတဲ့အသားရဲ့အနံ့လိုမျိုးရနံ့ရှိတဲ့ဒီပန်းဟာ ရနံ့ဆိုးရှိတာကြောင့်နာမည်ကြီးပါတယ်။ ပန်းပွင့်ဆိုပေမဲ့ တစ်ခြားပန်းတွေနှင့်မတူဘဲ အရွယ်အစားအားဖြင့် အချင်း ၁၆ လက်မအထိကြီးထွားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=300,h=400,q=100/a0/a08a2909a1e6fc00982cf38ed87631cbd73a6dad.jpg

သူဟာသူ့ရဲ့အနံ့ဆိုးနှင့် ယင်ကောင်နှင့်ပျားလိုမျိုးအကောင်တွေကိုဆွဲဆောင်ပြီးတော့ ဝတ်မှုန်ကူးတဲ့လုပ်ငန်းစဥ်ကိုလုပ်ဆောင်ပါတယ်။ တောင်အာဖရကရဲ့မိုးနည်းသဲကန္တာရတွေမှာ အဓိကရှင်သန်ကြီးထွားပြီးတော့ succulent အနွယ်ဝင်ပန်းအဖြစ်အသိအမှတ်ပြုခံရပါတယ်။ သူတို့ဟာခြောက်သွေ့တဲ့ပတ်ဝန်းကျင်ကိုကောင်းကောင်းရင်ဆိုင်နိုင်ကြပြီးတော့ ရေကိုသိုလှောင်ထားနိုင်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=423,q=100/28/28285514c8b30a9e67c09eb615202a5bf226a8a4.jpg

အကြမ်းခံတာကြောင့် အထူးတလည်ထိန်းသိမ်းစရာမလိုဘဲရှင်သန်ကြီးထွားနိုင်ကြပါတယ်။ ကျောက်ဆောင်တွေကြားမှာတောင်မှ ရှင်သန်နိုင်တာကြောင့် ရုက္ခဗေဒဥယျာဥ်တွေမှာစိုက်ပျိုးချင်ကြတဲ့ပန်းဖြစ်ပါတယ်။ ဒါ့အပြင်ပွင့်ဖက်တွေကကြီးမားတာကြောင့် လှပပြီးတော့ လူတွေစိတ်ဝင်စားမှုကိုအလွယ်တကူရစေနိုင်ပါတယ်။ ကာရီယွန်ပန်းတွေဟာ ဆေးဖက်ဆိုင်ရာမှာလည်းအသုံးဝင်တာကြောင့် တစ်ချို့မျိုးစိတ်တွေကိုတိုင်းရင်းဆေးတွေမှာအသုံးပြုကြပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T