ပျောက်ကွယ်သွားနိုင်တဲ့အလားအလာတွေရှိနေတဲ့ မြန်မာ့ရိုးရာအကတစ်မျိုး

//s9.kh1.co/29/293ac62ed05806715f7620cf89dc165dbc19a97b.jpg
ဖျော်ဖြေရေးများ

 ၁၀-ဇွန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

ပျောက်ကွယ်သွားနိုင်တဲ့အလားအလာတွေရှိနေတဲ့ မြန်မာ့ရိုးရာအကတစ်မျိုး

မြန်မာ့ရိုးရာအကတွေဟာထူးခြားပြီးတော့ အိမ်နီးချင်းတိုင်းပြည်တွေဆီကနေ ထပ်ဆင့်တီထွင်ဖန်တီးထားတာတွေရှိပါတယ်။ တစ်ချို့အကတွေက ရှေးဇာတ်မင်းသားကြီးတွေကကိုယ်တိုင်ထွင်ထားတာဖြစ်ပြီးတော့ တစ်ချို့ကတော့ပြောင်းလဲလာတဲ့ခေတ်ကာလအလိုက် တီထွင်ဆန်းသစ်ထားတဲ့အကတွေဖြစ်ပါတယ်။ ဒီအကတွေထဲမှာ ကျေးလက်နေလူတန်းစားတွေအတွက်နာမည်အကြီးဆုံးလို့ဆိုနိုင်တဲ့ ဦးရွှေရိုးအကဟာလက်ရှိအချိန်မှာဆို ပျောက်ကွယ်သွားဖို့စိုးရိမ်နေရတဲ့ရိုးရာအကဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=564,h=401,q=100/f5/f56c64a628315d5e30d1960f32fe273b0d8b91f7.jpg

ဦးရွှေရိုးအကဟာ  မြန်မာ့ကျေးလက်နေလူတန်းစားတွေရဲ့အလှူပွဲတွေမှာမရှိမဖြစ်ပါဝင်တဲ့အကတစ်မျိုးဖြစ်ပါတယ်။ အကရဲ့မူလဇာတ်မြစ်ကိုသေချာမသိရပေမဲ့ ဒီအကဟာကိုလိုနီခေတ်တုန်းက အင်္ဂလိပ်လူမျိုးတွေကိုဖားလျားပြီးနေတဲ့သက်ကြီးပိုင်းမြန်မာတွေကိုဝေဖန်တဲ့အကအနေနှင့်စတင်ပေါ်ထွန်းလာခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ချို့ကတော့ ဒီအကဟာဖော်ရွေပြီးတော့ဟာသနှောတတ် ပျော်ပျော်နေတတ်ကြတဲ့မြန်မာတွေရဲ့စရိုက်ကိုဖော်ပြထားတယ်လို့လည်းဆိုကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=704,q=100/d2/d2defaa91f4aa09e18d83cb0cee6a169c9e170e4.jpg

ဒီအကကိုကသူဟာ မြန်မာဝတ်စုံ တိုက်ပုံပုဆိုးအပြင်ခေါင်းပေါင်းပါပေါင်းပြီး မျက်နှာအမူအရာအမျိုးမျိုးနှင့်ကပြဖျော်ဖြေရတာဖြစ်ပါတယ်။ တွဲဖက်အကသမားအနေနှင့် ဒေါ်မိုးဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ရှိပြီးတော့ အကကသူနှစ်ယောက်လုံးဟာ မြန်မာဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီး အချင်းချင်းစနောက်ကျီဆယ်ပြီးကကြတာမျိုးဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အလှူပွဲတွေမှာ စီတန်းလမ်းလျှောက်တာမျိုးမရှိတော့တဲ့အပြင် မြန်မာ့ရိုးရာအကတွေအစား နိုင်ငံခြားအဆိုအကတွေကနေရာယူလာတာကြောင့် ဦးရွှေရိုးအကဟာလည်းတစ်ဖြေးဖြေးတွေ့ရနည်းလာတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T