ခေါင်းရှေ့ပိုင်းအကြည်ရောင်ဖြစ်နေတဲ့ macropinna microstoma ငါးမျိုးစိတ်

//s9.kh1.co/76/76172124ddd4ca01b31cc1e8c28fa1655d87b68d.jpg
MPT

 ၀၈-ဇွန်-၂၀၂၄ ၈am · လွန်ခဲ့သော ၂ လ က

ခေါင်းရှေ့ပိုင်းအကြည်ရောင်ဖြစ်နေတဲ့ macropinna microstoma ငါးမျိုးစိတ်

Macropinna microstoma လို့ခေါ်တဲ့ဒီငါးမျိုးစိတ်တွေဟာ ပင်လယ်ရေနက်အောက်ပိုင်းမှာနေထိုင်ကြတဲ့ငါးမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ တစ်ခြားငါးမျိုးစိတ်တွေနှင့်မတူတာကတော့ သူတို့ဟာခေါင်းရှေ့ပိုင်းမှာအကြည်ရောင်ဖြစ်နေပြီးတော့ ခန္တာကိုယ်အတွင်းကအင်္ဂါအစိတ်အပိုင်းတွေအကုန်လုံးကိုမြင်တွေ့နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင်ဒီငါးတွေဟာ ပြွန်ပုံစံမျက်လုံးတွေရှိတာကြောင့်လည်းနာမည်ကြီးကြပါတယ်။

https://s9.kh1.co/__image/w=564,h=793,q=100/25/2542e5334243f1a9f4a73212f3d4d75a746ab7a2.jpg

ရေနက်ငါးမျိုးစိတ်အများစုဟာ အခုလိုမျိုးပြွန်ပုံစံမျက်လုံးတွေရှိပြီးတော့ နေရောင်မပေါက်တဲ့ ရေအောက်အမှောင်ထုထဲမှာ ဒီမျက်လုံးတွေက လှုပ်ရှားသွားလာဖို့ကူညီပေးတယ်လို့သိရပါတယ်။ macropinna microstoma မျိုးစိတ်ကိုတော့ ၁၉၃၉ ခုနှစ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ စတင်တွေ့ရှိချိန်ကမျက်လုံးတွေရဲ့ထူးခြားချက်တွေကိုစတင်သတိထားမိခဲ့ကြပါတယ်။ သူ့ရဲ့မျက်လုံးတွေဟာ ပြွန်ပုံစံဖြစ်နေတာကြောင့်ရှေ့ဖက်ကိုပဲကြည့်လို့ရတဲ့အပြင် အလွန်ကျဥ်းမြောင်းတဲ့မြင်ကွင်းကိုပဲမြင်စေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=493,q=100/d3/d30d545f4400168bc6dfc77c0114da6b93ba9c5c.jpg

ကျဥ်းမြောင်းတဲ့ပါးစပ်ကြောင့် သားကောင်ဖမ်းဖို့အခက်အခဲရှိတဲ့ macropinna microstoma ငါးမျိုးစိတ်တွေဟာ ထူးခြားတဲ့သားကောင်ဖမ်းနည်းရှိပါတယ်။ သူတို့ဟာ ကြီးမားတဲ့ရေယက်တောင်ကိုအသုံးပြုပြီးတော့ ရေနက်မှာမလှုပ်မရှားနေရင်း အစာဖြစ်တဲ့ငါးတွေကိုတွေ့တဲ့အချိန် အနားကပ်ပြီးဖမ်းယူစားသောက်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်နက်ပိုင်းက Apolemia လိုမျိုးအကောင်တွေစားလေ့မရှိတဲ့ ဂျယ်လီတွေကိုပါစားသောက်ပြီးနေထိုင်ကြတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T