အမြီးနှစ်ထပ် နဲ့ ကမ္ဘာ့အရှားပါးဆုံး Marvelous spatuletail ငှက်

//s9.kh1.co/f1/f13bac30818363196bbaba23a1905062fdd51611.jpg
MPT

 ၁၂-မေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ လ က

အမြီးနှစ်ထပ် နဲ့ ကမ္ဘာ့အရှားပါးဆုံး Marvelous spatuletail ငှက်

၁၈၄၇ ခုနှစ်မှာ ပြင်သစ်သဘာဝပညာရှင် Jules Bourcier ပထမဆုံး တရားဝင် ဖော်ပြခဲ့တဲ့ Marvelous spatuletail ငှက်ဟာ ထူးခြားတဲ့ အမြီးအောက်က အမွေးရှည်တို့ကြောင့် လူသိများတဲ့ ငှက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည် Loddigesia mirabilis လို့ခေါ်တဲ့ ဒီငှက်ဟာ Heliantheini မျိုးနွယ်က ဆင်းသက်လာတဲ့ ငှက်တစ်မျိုးဖြစ်ပြီး ပီရူးနိုင်ငံ မြောက်ပိုင်းမှာ အစုလိုက်တွေ့ရလေ့ ရှိပါတယ်။ Marvelous spatuletailငှက်တွေဟာ ရှည်လျားတဲ့ နှုတ်သီးချွန်ချွန်တို့ ပါရှိပြီး ဦးခေါင်းအထက် နဖူးပိုင်း နဲ့ နှုတ်သီးအောက် မေးစေ့ပိုင်းတို့မှာ အပြာရောင် နဲ့ စိမ်းပြာရောင် နှစ်ရောင်စပ် ရောင်ပြေးအကြေးခွံတို့ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/07/07ed083659674753f77ae351629dc3e58b7456ef.jpg

Marvelous spatuletail အထီးတွေဟာ အခြားငှက်တွေလို အမြီးထူထူ မပါရှိဘဲ ရှည်လျားတဲ့ အမွေးရှည် နှစ်ချောင်း နဲ့ သူတို့ရဲ့ အစွန်းက ငှက်မွေးတစ်မွေးစီ တို့နဲ့ ဖွဲ့စည်းထားတဲ့ အမြီးနှစ်ဖက်သာ ပါရှိကြပါတယ်။ မျက်လုံးအနောက်မှာ အဖြူရောင် အကွက်ငယ်တို့ ပါရှိပြီး တောင်ပံအရောင်မှာ ခရမ်းရောင် သို့မဟုတ် နက်ပြာရောင် ရှိပါတယ်။ ရင်ဘတ် နဲ့ ဝမ်းဗိုက်ပိုင်းမှာ အဖြူရောင်အမွေးတို့နဲ့ ဖွဲ့စည်းထားပြီး တောင်ပံ ပတ်ပတ်လည်မှာ အစိမ်းရောင် အမွေးအချို့လည်း ကွက်ကြား ရှိပါတယ်။ Marvelous spatuletail ငှက်တွေဟာ အမြင့်ပေ ၂၉၀၀ ဝန်းကျင် ရှိတဲ့ ‌ပီရူးမြောက်ပိုင်းက Andes ကုန်းမြင့်ဧရိယာငယ်မှာသာ တွေ့ရတာကြောင့် ရှားပါးတဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/8b/8bd695eabfbc5be8925d9ba6fd5b46496511d698.jpg

အရွယ်ရောက်ပြီးတဲ့ Marvelous spatuletail ငှက်အထီးတစ်ကောင်ရဲ့ ပျမ်းမျှ အမြီးရှည် အရှည်မှာ ၁၅ မှ ၁၇ စင်တီမီတာ ( ၅.၉ မှ ၆.၇ လက်မ ) ရှိပြီး အမတွေကတော့ အထီးတွေထက် ပိုတိုကြပါတယ်။ မျိုးပွားရာသီမှာ ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ အတွင်းဖြစ်ပြီး Marvelous spatuletail အထီးတွေဟာ ဝေဟင်မှာ ကခုန်‌ကာ ‌အမတွေကို ဆွဲဆောင်လေ့ ရှိပါတယ်။ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု ၊ တောက်ပတဲ့ ဦးခေါင်း နဲ့ နှုတ်သီးချွတ်ချွန်တို့ကြောင့် လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုများစွာ ခံခဲ့ရတဲ့ Marvelous spatuletail ငှက်တွေဟာ ၁၉၉၄ ခုနှစ်ကတည်းက ‌မျိုးတုန်းပျောက်ကွယ်မဲ့ အန္တာရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အကောင်ရေ ရာကျော်သာ ရှိတော့တဲ့ ချစ်စရာ Marvelous spatuletail ငှက်လေးတွေကို ဖမ်းဆီးခြင်းမပြုဖို့ အထူးလိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5d/5d1f60b9425b801c3be501af60b62d955c5c2679.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T