တီထွင်ဖန်တီးနိုင်စွမ်းဟာ လူတစ်ယောက်ရဲ့အရည်အချင်းတွေမှာအရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။ လူတိုင်းမှာတီထွင်ဖန်တီးနိုင်စွမ်းရှိပေမဲ့ ဒီအရည်အချင်းကိုတော့လူတိုင်းထုတ်မပြနိုင်ပါဘူး။ တီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေကို အဓိကဖျက်စီးတဲ့အလေ့အကျင့်ကတော့ နာရီပေါင်းများစွာဆိုရှယ်မီဒီယာတွေသုံးစွဲခြင်းဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာပဲ အချိန်ကုန်ဆုံးတာဟာ တီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေကို ဖျောက်ပစ်လိုက်သလိုဖြစ်စေမှာပါ။
![https://s9.kh1.co/__image/w=564,h=845,q=100/c3/c3314551a6d15b8740cfe39cfd555f800c708f09.jpg](https://s9.kh1.co/__image/w=564,h=845,q=100/c3/c3314551a6d15b8740cfe39cfd555f800c708f09.jpg)
အိပ်ချိန်နည်းပါးလွန်းခြင်းနှင့် ပုံမှန်အိပ်စက်ချိန်မရှိခြင်းကလည်း တီထွင်ဖန်တီးနိုင်စွမ်းကိုလျော့ကျစေပါတယ်။ တစ်နေကုန်စားပွဲပေါ်မှာပဲထိုင်နေမိခြင်းမျိုးကလည်း အလားတူပဲ ဦးနှောက်ကိုထုံထိုင်းသွားစေပြီးတော့ အကြံကောင်းတွေမထွက်လာအောင်တားဆီးသွားနိုင်ပါတယ်။
![https://s9.kh1.co/__image/w=564,h=549,q=100/39/39258da1946ce6710c26e0e7c4a0fa5173fbb782.jpg](https://s9.kh1.co/__image/w=564,h=549,q=100/39/39258da1946ce6710c26e0e7c4a0fa5173fbb782.jpg)
စိန်ခေါ်မှုတွေမရှိဘဲ သက်သာတဲ့နေရာတစ်ခုမှာပဲ အချိန်အကြာကြီးနေခဲ့ခြင်းကလည်း တီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေကို လျော့ကျလာစေနိုင်ပါတယ်။ များသောအားဖြင့် လူတွေဟာ ခေါင်းသုံးရတာမျိုးကိုပင်ပန်းတယ်ဆိုပြီးရှောင်ဖယ်ရင်း နောက်ဆုံးမှာကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းရည်တွေကိုပါ ဖျက်ဆီးမိနိုင်ပါတယ်။ သင်ယူမှုအသစ်တွေမလုပ်တာ နှင့် အရာရာကိုတွေးတောလွန်းတာတွေကလည်း ကောင်းမွန်တဲ့အရာတွေမဟုတ်ပါဘူး။
![https://s9.kh1.co/__image/w=564,h=600,q=100/34/34f8998491439cba329ba9dd007b9ccba316443e.jpg](https://s9.kh1.co/__image/w=564,h=600,q=100/34/34f8998491439cba329ba9dd007b9ccba316443e.jpg)