ရှေ့ဆံပင်ကျွတ်တာကို ကာကွယ်ဖို့နည်းလမ်းကောင်းများ

//s9.kh1.co/5e/5e87dee260aee1b0bcaca0f537cf910fac653a6f.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

ရှေ့ဆံပင်ကျွတ်တာကို ကာကွယ်ဖို့နည်းလမ်းကောင်းများ

ဆံပင်ကျွတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖြစ်စေပြီးတော့ မကောင်းတဲ့သက်ရောက်မှုတွေကိုဖြစ်စေပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အမျိုးသားတွေဟာ ရှေ့ဆံပင်ကျွတ်တာကို အထူးတလည်ခံရလေ့ရှိပါတယ်။ နဖူးပြင်အစပ်နားက ဆံပင်တွေဟာအလွယ်တကူကျွတ်တတ်တဲ့အပြင် ပြန်ပေါက်ဖို့အချိန်ကြာလေ့ရှိတာကြောင့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=563,h=634,q=100/1a/1a128b016ce1f9aa033d994c839837d3562e335a.jpg

ဆံပင်ပုံသွင်းတဲ့ အပူချောင်းတွေ အပူလိပ်တွေဟာ ဆံပင်ကိုဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဆံပင်အခြောက်ခံချိန်မှာလည်း အပူချိန်မြင့်မြင့်မှာအခြောက်ခံတာမျိုးမလုပ်ဘဲ အတတ်နိုင်ဆုံးအပူမသုံးမိအောင်သတိထားသင့်ပါတယ်။ ဆံပင်ကိုဆီထည့်ရင်လည်း အပူပေးထားတဲ့ဆီတွေကို ရှောင်ပြီးတော့ အအေးခံထားတဲ့ဆီ ဒါမှမဟုတ် ရိုးရိုးဆီကိုပဲသုံးသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/86/86f6292e072e49dda9199e22d22ac0e69903f073.jpg

အစားအသောက်ကို ဆံပင်ပြန်ပေါက်စေဖို့အကူအညီဖြစ်စေတဲ့ ဓာတ်တွေပါဝင်တဲ့အစားအသောက်တွေစားပြီးတော့ ဆံသားကျွတ်နှုန်းကိုနှေးသွားအောင်လုပ်နိုင်ပါတယ်။ ဆံပင်ဖြီးတဲ့အချိန်နှင့် ပုံသွင်းချိန်တို့မှာ ဆံသားကိုငြင်ငြင်သာသာကိုင်တွယ်ပေးတာကလည်း ဆံသားပြတ်တောက်တာကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံသားကျန်းမာရေးကိုကာကွယ်ဖို့အတွက် နေပူထဲသွားရင် ဦးထုပ်ဆောင်းတာ အကာအကွယ်တွေယူသွားတာမျိုးလုပ်သင့်ပါတယ်။ 

https://s9.kh1.co/__image/w=396,h=400,q=100/72/72e08fd1e53222f5db26f38205cc2bbf9fb66c2e.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T