ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး ကမ်းခြေ ၃ ခု

//s9.kh1.co/20/20c6dbfd8dc980ae43994373756bde4fd65591fc.jpg
MPT

 ၀၃-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၄ လ က

ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး ကမ်းခြေ ၃ ခု

Hanakapiai ကမ်းခြေ ၊ ဟာဝိုင်အီ

Kauai ကျွန်းမှာရှိတဲ့ Hanakapiai ကမ်းခြေဟာ 2 မိုင် ( ၂.၃ ကီလိုမီတာ ) ရှိတဲ့ ကမ်းရိုးတန်းတစ်လျှောက် တောင်တက်လမ်းကို ဖြန်သန်းပြီးမှ ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ လှိုင်းအမြင့်များ ၊ သန်မာတဲ့ ရေစီးကြောင်း ၊ ပထဝီဝင်အနေအထားအရ သမုဒ္ဒရာစီးကြောင်းကို ဟန့်တားပေးမဲ့ ကမ်းခြေပတ်ပတ်လည်တွင် သန္တာကျောက်တန်းများ မရှိခြင်းတို့အပြင် အနီးဆုံး ဘေးကင်းတဲ့ ကမ်းစပ်ဧရိယာနဲ့လည်း ၆မိုင်ခန့် ဝေးတာကြောင့် ကမ္ဘာပေါ်တွင် သွားကိုမသွားသင့်တဲ့ အန္တာရာယ်အရှိဆုံး ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ac/ac37e1d9c81a29bd0e9b371368b96f556abfaff2.jpg

New Smyrna ကမ်းခြေ ၊ ဖလော်ရီဒါ

အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ် တွင်တည်ရှိတဲ့ New Smyrna ကမ်းခြေကတော့ ရင်သပ်ရှုမောဖွယ် ရှုခင်းများ ၊ လတိဆတ်တဲ့ ပင်လယ်လေ တို့နဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဖမ်းစားနိုင်တဲ့ မော်တော်ဘုတ်စီးခြင်း ၊ ရေငုပ်ခြင်း ၊ ရွက်လွှင့်ခြင်း ၊ တောင်တက်ခြင်း အစုံလုပ်နိုင်တာကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် နောက်ထပ် New Smyrna ကျွန်းရဲ့ နာမည်ကြီးတဲ့အချက်ကတော့ ငါးမန်းများ ပေါများခြင်းပဲ ဖြစ်ပါတယ်။" ကမ္ဘာ့ငါးမန်းကိုက်သောမြို့တော် "လို့တောင် တင်စားကြတဲ့အထိ ငါးမန်းအန္တာရာယ်ဟာ ကြီးမားလွန်းပါတယ်။ ငါးမန်းစာမမိချင်ဘူးဆိုရင်တော့ သွားကို မသွားရမဲ့ ကမ္ဘာ့အန္တာရာယ်အရှိဆုံး ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fa/faf005d6ac2a8aabfc0b32dbcbfde3a7d1d1b32b.jpg

Praia do Norte ၊ နာဇာရီ

ပေါ်တူဂီအနောက်ဒေသဖြစ်တဲ့ Nazare တွင် တည်ရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ပင်လယ်လှိုင်းစီးသူများအတွက် နိဗ္ဗာန်ဘုံလေး တစ်ခုပဲ ဖြစ်ပါတယ်။ ၁.၅ ကီလိုမီတာရှည်လျားတဲ့ ရွှေရောင်သဲသောင်ပြင်ကြီး နဲ့ ရေလွှာလျှောစီးသူများကြောင့် နာမည်ကြီးလာတဲ့ Praia do Norte ဟာ အန္တာရာယ်များတဲ့ အချက်လည်း ရှိပါသေးတယ်။ ကမ်းခြေဟာ ရာသီဥတုအ‌ခြေအနေ အပေါ်မူတည်ပြီး တစ်ခါတစ်ရံမှာ လှိုင်းအမြင့်ပေ ၁၀၀ ကျော်ထိ မြင့်တတ်နိုင်ပါတယ်။ ကလေးငယ်များ နဲ့ လုံးဝမသွားသင့်တဲ့အပြင် လှိုင်းအလွန်ကြီးပါက ကမ်းခြေကိုပါ ရေလွှမ်းသွားနိုင်တာမို့ လုံးဝမသွားသင့်တဲ့ ကမ္ဘာ့အန္တာရာယ်အများဆုံး စာရင်းဝင် ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/36/361bbe156f072bcdad20c01ecddc2a5ce8c463fd.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T