လေ့လာသူများကြား ရေပန်းစားတဲ့ အနက်ရောင်နှင်းဆီငှက်အကြောင်း

//s9.kh1.co/35/354cc2779453131d2000321dc4f27866602686ec.jpg
MPT

 ၀၃-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၄ လ က

လေ့လာသူများကြား ရေပန်းစားတဲ့ အနက်ရောင်နှင်းဆီငှက်အကြောင်း

အနက်ရောင်နှင်းဆီငှက်ငယ်များကို ၁၈၇၄ ခှနှစ်တွင် အမေရိကန်ပညာရှင် Robert Ridgway က ပထမဆုံး ခွဲခြားသတ်မှတ်ခဲ့ပြီး Fringillidae မျိုးရိုးမှာပါတဲ့ ငှက်မျိုးစိတ် တစ်မျိုးပဲဖြစ်ပါတယ်။ အဝါရောင်နှုတ်သီး ၊ ဦးခေါင်းနောက်ပိုင်းက မီးခိုးရောင်အကွက် ၊ အနက်ရောင်ခြေထောက် ၊ ဦးခေါင်း ၊ ‌ကျော နဲ့ ရင်ဘတ်ပိုင်းတို့တွင်အဖြူနဲ့အမဲ ရောထားတဲ့ အမွှေးတောင်များနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ဝမ်းဗိုက် ၊ ဖင် နဲ့ အတောင်ပံအဖျားရှိ ပန်းရောင်အမွှေးတောင်များ ကြောင့် လေ့လာသူများကြား ရေပန်းစားတဲ့ ငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d9/d942964a79578d2edfc73dfe6c20783b7b6329ed.jpg

မြေပြင်ပေါ်ရှိ ပေါင်းပင်များ ၊ မြက်များ ၊ အင်းဆက်ပိုးမွှားများကို အဓိကစားသုံးကြတဲ့ မြေပြင်နေငှက်ဖြစ်ပြီး တစ်ခါတစ်ရံ အင်းဆက်များကို ဖမ်းရန် ပျံသန်းကြပါတယ်။ မြောက်အမေရိကတွင် အများဆုံး တွေ့ရပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ရှိ တောင်တန်းများနဲ့ Great Basin ဒေသရဲ့ အရှေ့မြောက်ပိုင်း နီဗားဒါးမှ အနောက်တောင်ပိုင်း မွန်တာနာအထိ မြင့်မားသော တောင်တန်းများပေါ်တွင် တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d9/d935cc2355f5dbc81fa4c2a406781cec769b883c.jpg

အေးသော ဒေသများတွင်နေထိုင်ကြပြီး အကြီးဆုံး black rosy finch အထီးမှာ ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်လွှတ်ပေးချိန်မှာ အနည်းဆုံး ၈ နှစ်နဲ့ ၇လအရွယ် ရှိပြီလို့ ဆိုပါတယ်။ အရှည် ၁၄ မှ ၁၆စင်တီမီတာ ကြားရှိပြီး ကိုယ်အလေးချိန် ၂၂ မှ ၃၂ ဂရမ်ကြားရှိတဲ့ အလယ်အလတ်ကြီးသော ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ နဂိုထူးခြားတဲ့အရောင် နဲ့ မြင့်မားပြီး အေးတဲ့ဒေသများမှာသာ တွေ့ရတဲ့ အနက်ရောင်နှင်းဆီငှက်များကတော့ ထိန်းသိမ်းမှုများကြောင့် မျိုးသုန်းပျောက်ကွယ်မဲ့ အန္တာရာယ်တော့ မရှိသေးပါဘူး။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T