ဒိတ်လုပ်နေတဲ့အချိန် တစ်ဖက်လူက ကိုယ့်ကို လုံးဝသဘောကျသွားစေဖို့အတွက် အဝတ်အစားကလည်းအရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။ တစ်ဖက်လူငေးသွားလောက်တဲ့အထိ လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုမျိုးရှိဖို့လိုအပ်ပါတယ်။ အနံ့အသက်တွေဟာလည်း အရေးကြီးတာကြောင့် တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့အနံ့ဖြစ်ဖို့ ရေမွှေးကိုသေချာရွေးချယ်ဖို့လိုပါတယ်။

တွေ့တဲ့အချိန် စကားပြောရင်း အကြည့်ချင်းဆုံပေးတာကလည်းအရေးကြီးပါတယ်။ ဒီလိုအကြည့်ချင်းဆုံပေးတာဟာ တစ်ဖက်လူကိုသဘောကျနေကြောင်း တိုက်ရိုက်ဖော်ပြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြတာ သူပြောတဲ့ဟာသတွေကို စိတ်လိုလက်ရရီပေးတာကလည်း တစ်ဖက်လူကိုအာရုံစိုက်နေကြောင်း သိသာစေတဲ့အပြုအမူတွေဖြစ်တာကြောင့် မကြာခဏလုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် သင့်တော်တဲ့အကြောင်းပြချက်လေးတွေရှာပြီး သူ့ကိုသွားထိတာမျိုးလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ အလွန်အကျွံကိုယ်ရေးကိုယ်တာဆန်တဲ့မေးခွန်းတွေမဟုတ်ဘဲ သူ့အကြောင်းသိချင်နေကြောင်းသိသာတဲ့မေးခွန်းလေးတွေမေးပေးတာမျိုးလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့တစ်ကယ်ကောင်းမွန်တဲ့အချက်တွေကို ရှာပြီးတော့ ချီးကျုးပေးတာမျိုးလည်းလုပ်ပေးဖို့လိုအပ်ပါတယ်။
