ခရီးသွားများအထူးစိတ်ဝင်စားတဲ့ စကော့တလန်မှမီးရထားလမ်းပိုင်းတစ်ခု

//s9.kh1.co/af/af31379846a2f8f115177765d33d75ab6c01ffbc.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၅ လ က

ခရီးသွားများအထူးစိတ်ဝင်စားတဲ့ စကော့တလန်မှမီးရထားလမ်းပိုင်းတစ်ခု

Glenfinnan Viaduct ဟာစကော့တလန်နိုင်ငံရဲ့ပထမဆုံးဖောက်လုပ်ခဲ့တဲ့မီးရထားလမ်းပိုင်းတစ်ခုဖြစ်ပဲဖြစ်ပါတယ်။ မီးရထားလမ်းကြီးဟာ ၁၈၉၀ ခုနှစ်မှာစတင်ဖောက်လုပ်ခဲ့ပြီး စကော့တလန်နိုင်ငံရဲ့အရှည်ဆုံး မီးတစ်ထားလမ်း ပိုင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါမီးရထားလမ်းပိုင်းကြီးဟာစကော့တလန်နိုင်ငံ၊ Glenfinnan ဒေသ၊ West Highland Line မှာရှိပြီး အနောက်စကော့တလန်ကုန်းမြင့်၊ Loch Shiel ရဲ့ထိပ်ပိုင်းဒေသမှာရှိပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/b8/b89474e96560317f6b03a8be3194b89bb18cb2a3.jpg

ရှေးကျသောမီးရထားလမ်းပိုင်းကြီးတစ်ခုဖြစ်တဲ့ ဒီလမ်းပိုင်းကြီးဟာ ရှေးဟောင်းလက်ရာတစ်ခုဖြစ်သလို လမ်းပိုင်းကြီးရဲ့အောက်တွင်တော့ ပြွန်ခေါင်းကြီးကဲ့သို့အပေါက်များဖြင့် တည်ဆောက်ထားပါတယ်။ ချိုင့်ကြမ်းပြင်မှ ၃၀ မီတာအထက်တွင်ရှိနေပြီး ပထမဆုံးကွန်ကရစ်ဖြင့်ဆောက်လုပ်ထားကာ Grade A အဆင့်ရှိအဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။ Glenfinnan Viaduct ကိုချိုင့်ဝှမ်းတစ်လျောက် ပစ္စည်းများသယ်ယူရန်အတွက် စတာလင်ပေါင် ၁၈၉၀၀ ကျော်ကုန်ကျခံကာတည်ဆောက်ခဲ့ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/bc/bc67c638735c08862e8cb766d2adb9b072f42a89.jpg

Fort William နဲ့ Mallaig တို့ကိုဆက်သွယ်ထားတဲ့ အဆိုပါမီးရထားလမ်းပိုင်းဟာ ၁၈၀၀ ပြည့်လွန်နှစ်များ အတွင်း ဒေသတွင်းငါးဖမ်းလုပ်ငန်းများနဲ့ အခြားကုန်စည်ပို့ဆောင်ရေလုပ်ငန်းများအတွက် အရေးပါတဲ့ သွေးလွှတ်ကြောကြီးတစ်ခုဖြစ်နေပါတယ်။ လမ်းပိုင်းကြီးဟာHarry Potter ဇာတ်ကားအပါအဝင်အခြားသောဇာတ်ကားများရဲ့ဇာတ်ဝင်ခန်းများစွာမှာပါဝင်ရိုက်ကူးခံထားရပြီးပိုမိုထင်ရှားလာခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာအင်ဂျင်နီယာတို့ရဲ့အောင်မြင်မှုတစ်ခုဖြစ်တဲ့ Glenfinnan Viaductဟာနှစ်စဉ်လာရောက်လည်ပတ်သူ ၃၃၀၀၀၀ ခန့်အထိဆွဲဆောင်ထားနိုင်တဲ့နာမည်ကြီးခရီးသွားနေရာများမှတစ်ခုပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/01/010cce35ea75c8e6194215ffe4eedf6db56e2c06.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T