အလွန်မွှေးပျံ့သောအနံ့ကိုပိုင်ဆိုင်ထားသောကမ္ဘာ့အရှားပါးဆုံး ပန်းမျိုးစိတ်များမှတစ်မျိုး

//s9.kh1.co/f9/f930747fe81fb20dc852d22b375f231dc3fdaddc.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဖေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၅ လ က

အလွန်မွှေးပျံ့သောအနံ့ကိုပိုင်ဆိုင်ထားသောကမ္ဘာ့အရှားပါးဆုံး ပန်းမျိုးစိတ်များမှတစ်မျိုး

Franklin Tree ဟာအမေရိကန်ပြည်ထောင်စုအရှေ့တောင်ပိုင်၊ဂျော်ဂျီယာရှိ Altamaha မြစ်ချိုင့်ဝှမ်းဒေသရဲ့ မျိုးရင်းတစ်ခုဖြစ်ပါတယ်။ ပန်းပွင့်များဟာ အာရှတိုက်ရှိ Schima နဲ့ဆင်တူကာ မွှေးပျံတဲ့ရနံ့ဖြင့် လူအများရဲ့ အာရုံကိုစွဲဆောင်ထားပါတယ်။လှပတဲ့အသွင်နဲ့ ရနံ့ရဲ့ထူးခြားသောစွမ်းဆောင်ရည်ကြောင့်ပင်လူအများအာရုံထားခံရတဲ့ပန်းအမျိုးအစားများဖြစ်တဲ့ Franklin Tree တွေဟာကမ္ဘာ့ရှားပါးပန်းမျိုးစိတ်စာရင်းဝင်တစ်ခုလည်းဖြစ်နေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/4a/4a7b04676c565679ccb2905cea412cd35ab3236a.jpg

နှစ်ရှည်ခံသစ်ပင်အမျိုးအစားတစ်ခုဖြစ်ပြီး  ပန်းပွင့်ရဲ့ အလယ်မှာတော့အဖိုဝတ်မှုန်ခံတိုင်များကို ပိုင်ဆိုင်ထားပါတယ်။အပင်ရဲ့အရွက်များဟာလဲဆောင်းဦးပေါက်ရာသီရောက်သည်နဲ့အမျှထူးခြားသော သန္တာရောင် အရွက်များအဖြစ်ပြောင်းလဲသွားတတ်ကာ ဆောင်းဦးရာသီမှာဝတ်မှုန်ကူးတတ်ပြီး နွေရာသီရောက်မှသာ လျှင်အသီး သီးတတ်ပါတယ်။ လှပမွှေးပျံတဲ့ Franklin Tree ဟာ ၁၉ ရာစုအစောပိုင်းမှာတောရိုင်း များအတွင်းလုံးဝမျိုးသုဉ်းသွားခဲ့ပြီး အလှစိုက်ပျိုးထားသောအပင်မျိုးစိတ်အချို့သာဆက်လက်ရှင်သန်ခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7a/7a364f0a115fcf31afe801a035d6e92c2c47a352.jpg

Franklin Tree များဟာအပင်မှိုရောဂါများကြောင့်လည်ကောင်း၊ အပင်စုဆောင်းသူများလာခြင်း၊ ရေကြီးခြင်းများကြောင့်လည်ကောင်းတောရိုင်းများမှာမျိုးသုဉ်းခဲ့ရကြောင်းလေ့လာသူပညာရှင်တို့ မှတ်ချက်ပြုခဲ့ပါတယ်။ အဆိုပါအပင်မျိုးစိတ်ကို အင်္ဂလိပ်လူမျိုးအပင်စုဆောင်းသူ John Lyon မှ၁၈၀၃ ခုနှစ်တွင်တောရိုင်းမှာ နောက်ဆုံးတွေ့ရှိခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ လူကြိုက်များသောဥယျာဉ်ပန်းပင်များမှ တစ်ခုဖြစ်တဲ့ Franklin Tree ဟာလက်ရှိကျန်ရှိနေတဲ့အပင်အရေအတွက်ဟာ ၁၇၀၀ ခုနှစ်နောက်ပိုင်းနှစ်များမှသာ အလှစိုက်ပျိုးထားသောအပင်မျိုးစိတ်များမှ မျိုးစေ့စုဆောင်းပြီးပြန်လည်းပျိုးထောင်ခဲ့တဲ့အပင်များဖြစ်ကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/74/74fad472a4485496c70cdfa177829e48b8c70ee9.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T