ဂျပန်နိုင်ငံရဲ့အမျိုးသားမျောက်အဖြစ် သတ်မှတ်ခံထားရတဲ့ဂျပန်နှင်းမျောက်များ

//s9.kh1.co/52/52b43e8369a582742864a35642967543b9c9849c.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၅ လ က

ဂျပန်နိုင်ငံရဲ့အမျိုးသားမျောက်အဖြစ် သတ်မှတ်ခံထားရတဲ့ဂျပန်နှင်းမျောက်များ

Japanese macaque အမည်ရှိ နှင်းမျောက်မျိုးစိတ်ဟာဂျပန်နိုင်ငံမှာတွေ့ရတဲ့မျောက်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဟွန်ရူး၊ရှီကိုကု နဲ့ ကျူရူးတို့မှာအဓိကနေထိုင်ကြပြီး အလွန်အေးတဲ့ဒေသများ အပါအဝင် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၅၀၀ မီတာခန့်အထိတွေ့နိုင်တဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ ဆန်းပြားတဲ့အသွင်သဏ္ဍာန်ကိုပိုင်ဆိုင်ထားတဲ့ ဒီမျောက်မျိုးစိတ်တွေဟာ ဂျပန်နိုင်ငံရဲ့အမျိုးသား မျောက်များအဖြစ်သတ်မှတ်ခံထားရတဲ့မျောက်မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/40/4088ee3296a3484192b940f3187adee7eb3ee029.jpg

အုပ်စုဖွဲနေထိုင်ကြပြီးအုပ်စုတစ်စုမှာအကောင် ၂၀ မှ ၃၀ ခန့်အထိရှိကာ အထီးတစ်ကောင်မှဦးဆောင်တတ်ကြပါတယ်။နှင်းထူထပ်သောတောင်တန်းများမှာအဓိကတွေ့ရပြီး ထိုသို့အလွန်အေးတဲ့ဒေသတွေမှာနေထိုင်နိုင်ခြင်းမှာသဘာဝအတိုင်းဖြစ်ပေါ်နေသောရေပူစမ်းများကြောင့်ဖြစ်ကြောင်းသိရပါတယ်။ Japanese macaque များဟာအအေးမိတဲ့အခါမှာထိုရေပူစမ်းမှ ရေပူကိုအသုံးပြုကာ ကာကွယ်ကြတတ်ကြကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d7/d764ad184dcc70a3939c80b43675bb083d13c1fa.jpg

Japanese macaque တွေရဲ့ရေပူစမ်းမှာရေချိုးခြင်းအကြောင်းအရင်မှာအခြားသောအကြောင်းအရင်းများလည်းရှိနေကြောင်းသုတေသီတို့သုံးသပ်ထားကြပါတယ်။ Kyoto တက္ကသိုလ်မှသုတေသီအဖွဲ့များဟာ လေ့လာတွေ့ရှိချက်များအရ ဒီမျောက်များဟာ စိတ်ဖိစီးမှုခံရသောအခါ ဖြစ်ပေါ်လာသောခန္ဓာကိုယ်တွင်းအပူချိန်ကိုထိန်းညှိရန်ထိန်းညှိနိုင်ရန်အကြာခဏရေချိုးခြင်းဖြစ်ကြကာ ရေပိုချိုးသောမျောက်များမှာ အခြားမျောက်များထက်စိတ်ဖိစည်းမှုလျော့နည်းကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/cd/cd1b304dad672a0e487d011b49907c56f4844d60.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T