စပိန်နိုင်ငံရှိကျွန်းစုအချို့မှာတွေ့ရတဲ့ရှားပါးသောကြက်တူရွေးနှုတ်သီးပန်းလေးများ

//s9.kh1.co/b0/b0dd1c7d1824d5863f44e2f9ed35518e9ed89461.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-ဖေ-၂၀၂၄ ၅pm · လွန်ခဲ့သော ၆ လ က

စပိန်နိုင်ငံရှိကျွန်းစုအချို့မှာတွေ့ရတဲ့ရှားပါးသောကြက်တူရွေးနှုတ်သီးပန်းလေးများ

Lotus vine(နွယ်ကြာပင်များ) လို့အမည်ရတဲ့အပင်းလေးများဟာစပိန်နိုင်ငံရှိ Canary ကျွန်းစုများမှာစတင်ပေါက်ရောက်ခဲတဲ့အပင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ လှပတဲ့အသွင်နဲ့ပန်းမျိုးစိတ်တစ်ခုဖြစ်ကာအပင်စုဆောင်းသူတို့ရဲ့အာရုံကိုအထူးစွဲဆောင်နေတဲ့ ပန်းမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ ဆန်းပြားတဲ့ပန်းမျိုးစိတ်များမဟုတ်သာ်လည်းလှပသောအသွင်ကပဲ အပင်မြတ်နိုးသူတို့အားအထူးသတိထားမိစေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/dc/dceea598fd9ee00d15cf6b00f509648581f13d17.jpg

ချုံပုတ်နွယ်ပင်အမျိုးအစားဝင်အပင်မျိုးစိတ်တစ်ခုဖြစ်ပြီး မြေလျှောက်ပင်မျိုးစိတ်များကဲ့သို့ကြီးထွားကြကာ ၈ လက္မနီးပါးကြီးထွားကြပါတယ်။ ငွေရောင်အမွေးများဖုံးအုပ်ထားပြီး အနီရောင်၊လိမ္မော်ရောင်၊ပန်းရောင်ရိုးတံနှုတ်သီးများကြောင့် parrot's beak ဟုလည်းခေါ်ဝေါ်ကြပါသေးတယ်။နှစ်ရှည်ခံပင်မျိုးစိတ်တစ်မျိုးဖြစ်ကာ နေရောင်ခြည်ကောင်းစွာရတဲ့နေရာတွေမှာကောင်းစွာပေါက်ရောက်တတ်ကြပြီး  မျိုးပွားခြင်းအတွက်ငှက်ငယ်များနဲ့အခြားအင်းစက်များကိုအမှီပြုကြရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7b/7b9b5abd3b03932cf3cf4f5ef2f7088427fbc82e.jpg

နေရောင်ခြည်နှစ်သက်သောအပင်များဖြစ်ကြပြီး အလွန်အေးတဲ့အချိန်မှာရာသီဥတုဒဏ်ကိုခံနိုင်ခြင်းမရှိသောကြောင့် ဆောင်ရာသီမှာအကာအကွယ်ရှိရန်လိုအပ်ပါတယ်။အပင်လေ့လာစောင့်ကြည့်သူတို့ရဲ့ပြောကြားချက်များအရ parrot's beak လေးများကိုစနစ်တကျစိုက်ပျိုးမှုများရှိနေသော်လည်းအပင်အရေ အတွက်ကျဆင်းမှုမှာအလွန်မြင့်မားနေကြောင်းသိရပါတယ်။အပင်စုဆောင်းသူတို့ရဲ့အာရုံစိုက်မှုမြင့်မားလာသည်နဲ့အမျှ အပင်မျိုးစိတ်များရှားပါးလာပြီး အလွန်ရှားပါးသောရှားပါးပန်းမျိုးစိတ်တစ်ခုအဖြစ်ပင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/75/7562e8f3ef8eb8037680c02ec3fd6909fe24c10c.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T