နေရောင်ခြည်ကိုအမှီမပြုဘဲထွက်ပေါ်လာသော Lunar rainbow

//s9.kh1.co/f2/f2cb7d5731b03ea73ebf95b0b73086f813d43335.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၆ လ က

နေရောင်ခြည်ကိုအမှီမပြုဘဲထွက်ပေါ်လာသော Lunar rainbow

နေ့စဉ်ဘဝမှာသက်တံ့ကိုမမြင်ဖူတဲ့သူတော့မရှိဘူးလို့ထင်ပါတယ်။ ဒါကြောင့်သက်တံ့လို့ပြောလိုက်ရင်တော့ အထူးအဆန်းဖြစ်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့အာဖရိကတိုက်တောင်ပိုင်း၊ဗစ်တိုးရီးယားရေတံခွန်မှာဖြစ်ပေါ်တဲ့ Lunar rainbow ဟာတော့ကျွန်တော်တို့တွေ့နေကျသက်တံ့များနဲ့မတူဘဲထူးခြားတဲ့အလင်းအရင်းအမြစ်တစ်ခုမှပေါ်ထွက်လာတာကြောင့်ထင်ရှားခဲ့ပါတယ်။ သက်တံ့တွေဟာနေရောင်ခြည်ကြောင့်ဖြစ်ပေါ်လာခြင်းကိုသိထားတဲ့သူတွေအတွက်တော့ Lunar rainbow ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာစဉ်းစားစရာပါပဲ

https://s9.kh1.co/__image/w=650,h=342,q=100/f1/f17a3124552cc3521916d93eb95dc39f6d70dd85.jpg

ပုံမှန်အားဖြင့်သက်တံ့အများစုဟာရေမှုန်ရေမွှားများကြောင့်ဖြစ်ပေါ်လာပြီးအထူးသဖြင့်နေရောင်ခြည်ကိုအခြေခံကာဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ Lunar rainbow(Moonbow)ဟာတော့ထိုသို့မဟုတ်ဘဲဗစ်တိုးရီးယားရေတံခွန် မှရေမှုန် ရေမွှားများဟာ လရဲ့အလင်းရောင်မှအလင်းဖြာထွက်ခြင်းဖြင့်ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ သက်တံ့ တစ်ခုပဲဖြစ်ပါတယ်။ထူးခြားတဲ့ Moonbow ဟာနေရာင်ခြည်ကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်သောသက်တံ့တစ်ခု ဖြစ်သော်လည်း ဖွဲစည်းပုံမှာအခြားသက်တံ့များနဲ့အတူတူပင်ဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/be/bed21880d7ae044ba85205ea0d6d9dcea6dd7bd7.jpg

လရောင်ကိုအမှီပြုပြီးဖြစ်ပေါ်လာတဲ့ Moonbow ဟာအခြားသောနေရောင်ခြည်ကိုအမှီပြုပြီးဖြစ်ပေါ်လာတဲ့ သက်တံ့များနည်းတူတောက်ပမှုတော့မရှိပါဘူး။ထိုကဲ့သို့အရောင်မှေးမှိန်ခြင်းဟာလည်းလထွက်သောရက်များပေါ်မှာမူတည်နေပြီး လရဲ့အတောက်ပဆုံးအဆင့်နဲ့လပြည့်ရက်အချိန်မှာ ပိုမိုထင်ရှားကြောင်းလည်းသိရပါတယ်။လပြည့်ညနဲ့လပြည့်ကျော်ညများမှာဖြစ်ပေါ်လေ့ရှိပြီး ဗစ်တိုးရီးယားရေတံခွန်ရှိအမျိုးသားယျာဉ်ကို သက်တံ့ထွက်ပေါ်တဲ့ လပြည့်နေ့မတိုင်မှီ မှ လပြည့်ပြီးညများမှာ ည ၆ နာရီမှ ည ၁၂အထိဝင်ထွက်ခွင့်ပြုထားကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/79/79225a5a94885448be12d5c98510f3ef973c635f.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T