အရသာရှိတဲ့ ရုံပတီသီးချဉ်စပ်ချက်

//s9.kh1.co/e5/e5634f5da1a4f696132a30a24c37ed6ce01379cb.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၆ လ က

အရသာရှိတဲ့ ရုံပတီသီးချဉ်စပ်ချက်


ရုံးပတီသီးဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တွေပါဝင်တဲ့အပြင် အရေပြားကျန်းမားရေကို လည်းများစွာ အထောက်အပံ့ဖြစ်စေတဲ့ အတွက်လူတိုင်းနီးပါးမကြာခဏ စားသုံးနေတဲ့ ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ဒီတစ်ခါတော့ရုံးပတီသီးကိုအိန္ဒိယစတိုင်အနှစ်လေးနဲ့ ချဉ်စပ်လေးချက်စားကြည့်ရအောင်နော်

ပါဝင်ပစ္စည်းတွေကတော့-

ရုံးပတီသီး

မန်ကျည်းမှည့်

ကြက်သွန်ဖြူ၊နီ

ခရမ်းချဉ်သီး

ကော်မှုန့်အနည်းငယ်

ငရုပ်သီး၊နံနံပင် တို့ပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/8b/8b35964d36e557b140fa44bbf77baf4a190851bd.jpg

ရုံးပတီသီးကို ဆားရေဖြင့်စင်အောင်ဆေးကာ အညှာဖြတ်ပြီး ဓားဖြင့်ခွဲထားပါ(သို့)အတုံးငယ်များ လှီးထားပါ ...ကြက်သွန်ဖြူ၊နီကိုလည်းအခွံနွာကာ ညှက်အောင်ထောင်းထားပါ။ခရမ်းချဉ်သီးကိုလည်း ရေဆေးကာအတုံးငယ်များတုံးထားပြီး ငရုပ်သီးနဲ့ နံနံပင်ကိုလည်း ရေဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ကာ မန်ကျည်းမှည့်ကိုရေစိမ်ပြီး အနှစ်ရအောင်ပြုလုပ်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/ec/ec21eb9a786fe6f4284c819a81acf102c943a446.jpg

ထောင်းထားထားသော ကြက်သွန်ဖြူ၊နီများများ ကို နနွင်းမှုန့်၊ အရောင်မှုန့် ထည့်ကာဆီသတ်ပြီး ကြက်သွန်နံ့သင်း လာပါက အတုံးငယ်များတုံးထားသော  ခရမ်းချဉ်သီးများများကို  ထည့်ကာ အနှစ်ကျသည် အထိချက်ပါ။ ခရမ်းချဉ်သီး အနှစ်ရပါက ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ တို့ထည့်ပြီးရေဆေးထားသော ရုံးပတီသီးကို ထည့်ကာအနည်းငယ်နွမ်းအောင်ချက်ပေးပါ။ ရုံးပတီသီးတို့ အနည်းငယ်နွမ်းပါက ငရုပ်သီး၊ နံနံပင်၊ မန်ကျည်းမှည့်အနှစ်၊ကော်မှုန့်အနည်းငယ် တို့ထည့် ကာ ရုံးပတီသီးတို့အိအောင်ချက်ပြီး အရသာမြည်းကာသုံးဆောင်နိုင်ပါပြီ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T