အာကာသထဲတွင် အောင်မြင်စွာမွေးနိုင်ခဲ့တဲ့ ကြွက်သန္ဓေသားလောင်းများ

//s9.kh1.co/49/4900ec4cec831117090c214225cd64c26acdda08.jpg
MPT

 ၂၉-နို-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

အာကာသထဲတွင်အောင်မြင်စွာမွေးနိုင်ခဲ့တဲ့ကြွက်သန္ဓေသားလောင်းများ

  ဒီစမ်းသပ်ချက်ဟာ အာကာသထဲမှာ လူသားတွေ မျိုးပွားနိုင်စွမ်းရှိမရှိ နားလည်စေနိုင်မယ့် အရေးကြီးခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အေးခဲကြွက်သန္ဓေသားလောင်းများ ပါဝင်တဲ့ ဒုံးပျံတစ်ခုကို ISS သို့လွှတ်တင်ခဲ့ပြီး ပတ်လမ်းထဲရောက်တာနဲ့ အစောပိုင်းသန္ဓေသားကို အရည်ပျော်စေရန် အထူးကိရိယာပစ္စည်းတစ်ခုကို အသုံးပြုခဲ့ကြပြီး ဆွဲငင်အားနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ၄ ရက်တိုင် ထားခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ff/ffa508d3970fcae0dda9d4829e6320d0796ed337.jpg

ဆွဲအားနည်းတဲ့ရပ်ဝန်းမှာ သန္ဓေသားတွေက ပုံမှန်အတိုင်း ဖွံ့ဖြိုးခဲ့တာကို တွေ့ခဲ့ကြပါတယ်။  သန္ဓေသားနဲ့ အချင်းတို့ ဖြစ်လာရာမှာ အရေးပါတဲ့ ဘလတ်စ်တိုဆစ်ဆဲလ်များ ဖြစ်လာခဲ့တာကြောင့် မြေကြီးဆွဲအားက သန္ဓေသားဖွံ့ဖြိုးမှုမှာ ထင်ရှားစွာ မသက်ရောက်ဘူးလို့ ဆိုရမှာပါ

https://s9.kh1.co/__image/w=650,h=342,q=100/02/0243a9c1e17e7a255f096ccf401cab48bf8007e2.jpg

 ISS ရဲ့ ဆွဲအားအလွန်နည်းတဲ့ နေရာမျိုးမှာ အစောပိုင်းနို့တိုက်သတ္တဝါ သန္ဓေသားလောင်းကို ဖွံ့ဖြိုးစေခဲ့တဲ့ ပထမဆုံးစမ်းသပ်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။  ရှင်သန်နိုင်စွမ်း သိရှိဖို့အတွက်တော့  နောက်တစ်ဆင့်မှာ ကြွက်တွေထဲကို ထည့်သွင်းပြီး ပုံမှန်အတိုင်း မွေးဖွားနိုင်လားဆိုတာကို လေ့လာသွားရမှာ ဖြစ်ပါတယ်။    ဒီစမ်းသပ်ချက် အောင်မြင်မှုဟာ နာဆာရဲ့ Artemis ပရိုဂရမ်နဲ့ သက်ဆိုင်နေပြီး လကမ္ဘာသို့ လူသားများ ပြန်လည်ခေါ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T