လူတွေမှာတင်မဟုတ်ဘဲ ချင်ပန်ဇီများနဲ့အခြားသော နို့တိုက်သတ္တဝါများတွင်ပါ ဓမ္မတာဆုံးတက်တယ်ဆိုတာ ပညာရှင်များကရှာဖွေတွေ့ရှိထားကြပါတယ်။

ယူဂန်ဒါ ကီဘာလီအမျိုးသားဥယျာဥ်မှ ချင်ပန်ဇီ အမ ၁၈၅ ကောင်ကို လေ့လာခဲ့ကြပါတယ်။ ချင်ပန်ဇီတွေ အသက် ၃၀ ရောက်တဲ့အချိန်မှာ ကလေးမွေးဖွားနှုန်း ကျဆင်းသွားပြီး အသက် ၅၀ ကျော်တဲ့အချိန်မှာ မမွေးကြတော့ပါဘူး။ချင်ပန်ဇီ ၆၆ ကောင်ရှိမှ ဆီးနမူနာကို ဆန်းစစ်ကြည့်ရာမှာ လူသားတွေ ဓမ္မတာဆုံးချိန်မှာ ဟော်မုန်းပြောင်းလဲသကဲ့သို့ပင် ပြောင်းလဲတာကို တွေ့မြင်ရပါတယ်။ဒါပေမဲ့ ရောဂါရခြင်း၊ ကျက်စားရာနေရာ ဆုံးရှုံးခြင်းတို့ကြောင့် အသက်ကြီးချင်ပန်ဇီအမတွေ ရှင်သန်မှုနှုန်းကို ဖုံးကွယ်ထားသလို ဖြစ်နေပါတယ်။

နောက်ထပ်ဖြစ်နိုင်တာ ယနေ့လူသားတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းက ပြောင်းလဲရှည်လျားလာကာ အမျိုးသမီးတွေရဲ့ မျိုးပွားစနစ်သက်တမ်းက လိုက်ပြီး တိုးမလာတာ ဖြစ်နိုင်ပါတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ မနုဿဗေဒပညာရှင် ဒေါက်တာမီဂန်အာနော့က ပြောပြခဲ့ပါတယ်။ လူသားတွေမှာ သွေးဆုံးခြင်းနဲ့ နောက်ပိုင်းပျမ်းမျှနေထိုင်သက်တမ်းတို့ အကြောင်း အပြည့်အဝနားလည်ဖို့ အများကြီးလိုသေးတယ်လို့ ဆိုပါတယ်။