အာဖရိက ကြက်တူရွေး

//s9.kh1.co/9d/9d0931f56e976704c2fd65c1e21504ca24132ebd.jpg
MPT

 ၂၈-နို-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

ငွေရောင် အဆင်းရှိ ရှားပါး ကြက်တူရွေး

ကင်ညာနိုင်ငံ အနောက်ဘက်ခြမ်း တိုက်ကြီးတစ်ဝိုက် မိုးသစ်တောထဲမှာ နေထိုင်ကြပါတယ်။ အဖြူ‌ရောင်မျက်နှာ၊ ငွေရောင် အမွေး ၊ အနီရောင် အမြီးတို့ ရောစပ်ထားတဲ့ ကာလာကြောင့် ဆွဲဆောင်မှု ပိုရှိစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f2/f2be2227a0449a648aeda1a2a5259a7e73a68512.jpg

မျိုးစိတ်ပေါင်း 350 ကျော်ရှိပြီး လူသားများကဲ့သို့ အသံတုပ ပြောဆိုနိုင်တဲ့ ဉာဏ်ရည်မြင့် ဌက်‌တွေဖြစ်ပါတယ်။ သုတေသန ပြုချက်တွေအရ အဆိုပါ ကြက်တူရွေးတွေက ငါးနှစ်သား ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်နဲ့ ထပ်တူကျပါတယ်။ ဆီအုန်းစေ့များနှင့် ကိုလာပင်၏ ဘယ်ရီသီးများကို ၎င်းတို့ နှုတ်သီးဖြင့် ကိုက်ဖြတ်စားသောက်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/49/490b83a0766b39b557c8ab486d97399f18a02dfd.jpg

အလွန်ဖမ်းရလွယ်ကူတဲ့ အဆိုပါ ငွေရောင် ကြက်တူရွေးတွေက ကမ္ဘာအနှံ့ကျော်ကြားပါတယ်။ အိမ်မွေး တိရိစ္ဆာန်အဖြစ် အများဆုံး မွေးမြူကြပြီး တစ်နေရာမှ တစ်နေရာ သယ်ယူပို့ဆောင်ရတဲ့ အခါမျိုးတွေမှာ သေဆုံးခြင်းတွေလဲ ရှိလို့ နေပါတယ်။ ဒါကြောင့်လဲ အာဖရိက ကြက်တူရွေး ကုန်သွယ်မှုကို တားမြစ်မှုများ ပြုလုပ်ခဲ့ပြီး မျိုးသုဉ်းမှုကာကွယ်ရန် စာရင်းမှာ ထည့်သွင်းဖော်ပြထားတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=553,q=100/a3/a38989dc043d164e4d1c5c9602efacd0140598d8.jpg

သတင်း အရင်းအမြစ် www.nationalgeograph

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T