သြစတျေးလျမှ ရေအောက်ပန်းခြံ

//s9.kh1.co/74/743a6a76bfdf98088779401c9c8c4e284a7c588c.jpg
MPT

 ၂၈-နို-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

ပန်းခြံက ရေအောက်မှာ ဘာလို့ တည်ရှိနေရတာလဲ ?

သြစတျေးလျနိုင်ငံမှာရှိတဲ့ ပန်းခြံဟာ ရေအနိမ့်အမြင့် ကြောင့် မကြာခဏဆိုသလို ရေအောက်ထဲ နစ်မြုတ်ခြင်းဖြစ်စဉ်ကို ကြုံတွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=432,q=100/1d/1dc69466ef869a49c9f2002c8157130a5f909c9c.jpg

Grner See ‌ရေကန်ရဲ့ စိမ်းမြရောင် အသွင်အပြင်နဲ့ စိမ်းလန်းစိုပြေမှုက အပန်းဖြေဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ အနီးအနားတစ်ဝိုက်မှာ ရေခဲတောင်ရှိတာကြောင့် ဆောင်းရာသီမှာ အရည်ပျော်ဝင်မှုများပြီး ၎င်းရေကန်ကို မြင့်တက်လာစေပါတယ်။ ထိုရေကန်အနီးမှာရှိတဲ့ ထိုင်ခုံ၊ တံတားများသာမက သစ်ပင်တွေပါ နစ် မြုတ်သွားတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/71/711b1eaa4babf234cb616d7b60f4b3a306bb5ad5.jpg

ရေကန်တစ်ဝိုက်မှာ ထင်းရှူးပင်ပေါင်းများစွာ ပေါက်ရောက်နေပြီး မှော်ဆန်ဆန် ပတ်ဝန်းကျင် အနေအထားတစ်ခုလို တည်ရှိနေတာပါ။ ဓာတ်ပုံဆရာနှင့် ရေငုပ်ဝါသနာရှင် Marc Henauer တို့နှစ်ဉီးရဲ့ မှတ်တမ်းတင် ‌အတွေ့အကြုံများကြောင့် အဆိုပါ နေရာက လူသိများ ထင်ရှားလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3d/3d677669b2cd044663ffddba83127706b79f9786.jpg

ရေအောက်ကြမ်းပြင်တစ်လျှောက် လျှောက်လမ်းများကိုလဲ တွေ့နိုင်ပြီး ငါးအချို့ကိုလဲ မြင်တွေ့နိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ထူးခြားဆန်းပြား အံ့ဖွယ်ရာများကတော့ မကုန်ဆုံးနိုင်အောင်ပါပဲ။

သတင်း အရင်းအမြစ် www.zmescience.com

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T