မက္ကဆီကိုနိုင်ငံ တောင်ဘက် Yucatán ပြည်နယ်မှာရှိတဲ့ ရှေးဟောင်း Chichén Itzá မြို့ဟောင်းက သူ့ခေတ်သူ့အခါမှာ ဘာသာရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအချက်အချာ ကျတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အဆောက်အဉီးများကို ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဧရိယာ 4 စတုရန်းမိုင် (10 စတုရန်းကီလိုမီတာ) ကျယ်ဝန်းပါတယ်။

Tlachtli ကွင်းမှာ ဘောလုံးအားကစား ပြိုင်ခြင်းနှင့် လောင်းကစားပွဲ ပေါင်းများစွာ ကျင်းပခဲ့ကြပါတယ်။ အချို့ ဒဏ္ဍာရီတွေမှာတော့ နေ့နတ်ဘုရားနဲ့ ညနတ်ဘုရားတို့ရဲ့ ယှဉ်ပြိုင်မှု ကွင်းပြင်အဖြစ် ဖော်ပြကြပါတယ်။ Campeche ပင်လယ်အော်အနီးရှိ Xicalango နှင့် ကမ်းလွန်ရေနံမြေမှာ ဓာတ်ငွေ့တွင်းတစ်ခု တည် ရှိပါတယ်။ 1988-1996 ကာလတွေကစပြီး အဆိုပါနေရာကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အဉီးအချို့က ပိရမစ်ပုံစံ တည်ဆောက်ထားတာ ဖြစ်ပြီး မတ်စောက်တဲ့ လှေကားပေါင်းများစွာ က ရင်သတ်ရှုမောစရာပါ။ မုဒ်ဉီးအဝင်အဝက နဂါးခေါင်းရုပ်တုတွေနဲ့ နံရံမှာအစီအတန်းလိုက် ရေးဆွဲပုံဖော်ထားတဲ့ အရိုးခေါင်းပုံစံ လက်ရာများက ထူးခြားအံ့သြမှုကို ပေးစွမ်းနိုင်ပါတယ်။

ယဇ်ပုရောဟိတ်မင်း သင်္ချိုင်းအပြင် Colonnade နှင့် ကပ်လျက်ရှိသော စစ်သည်တော် ဘုရားကျောင်းကိုလဲ မြင်တွေ့နိုင်ပါတယ်။ ၎င်းမြို့မှာ နေထိုင်တဲ့ လူမျိုးအများစုကို “မာယာ” လူမျိုးလို့ ခေါ်ပါတယ်။ ယနေ့ခေတ်အခေါ်အရတော့ မက္ကဆီကို လူမျိုးတွေလို့ ဆိုရမှာပါ။ 16 ရာစုမှာ အဆိုပါကျွန်းပေါ်ကို စပိန်တွေ ကိုလိုနီနယ်ချဲ့ဖို့ ရောက်လာချိန်မှာတော့ မာယာလူမျိုးတွေက မိမိတို့ Chichén Itzá မြို့်ကိုစွန့်ခွာပြီး အခြား မြို့ငယ်လေးတွေမှာ သွားရောက်နေထိုင်ခဲ့ကြရပါတယ်။

ထိုအချိန်ကစပြီး ဒေသခံတွေ စွန့်ခွာခဲ့ရတဲ့ မြို့တော်ဟာ အကြိမ်ကြိမ် ကိုလိုနီပြုခံရခြင်းနှင့် အခြားသော ပြသနာပေါင်းများစွာ နှစ်ရှည်ကြာ ဖြစ်ပွားမှုကြောင့် ပြန်လည်အခြေချ နေထိုင်ခြင်း မပြုကြတော့ပါဘူး။ ယနေ့ခေတ်မှာတော့ အဆိုပါနေရာကို ပြန်လည်ထိန်းသိမ်းပြီး အမွေအနှစ်တစ်ခု အဖြစ် ထားရှိပါတော့တယ်။
သတင်း အရင်းအမြစ်៖ www.britannica.com