မဟာတံတိုင်းကြီးကို အဆုံးထိလမ်းလျှောက်ရင် အချိန်ဘယ်လောက်ကြာမလဲ...?

//s9.kh1.co/0a/0a316f99d998b6471263c00c09a416ee97b2d356.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-အောက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၉ လ က

.

တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး ဂရိတ်ဝေါလို့ခေါ်တဲ့ မဟာတံတိုင်းကြီးကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ရှေးဟောင်း သုသေသန စစ်တမ်းတစ်ခုရဲ့ တိုင်းတာချက်တွေအရ မိုင်ပေါင်း ၅,၅၀၀ ရှည်လျားတယ်လို့ ဖော်ပြထားပြီး နောက်ထပ် စစ်တမ်းတခုရဲ့ ဖော်ပြချက်မှာ ဘေးဘက်ကို ဖြာထွက်သွားတဲ့ တံတိုင်းတွေပါ ပေါင်းရင် စုစုပေါင်း မိုင်ပေါင်း ၁၃၁၇၀ ရှိတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a1/a12bbb854734fa131600e2c88830c6b76c3a460a.jpg
https://s9.kh1.co/__image/w=602,h=297,q=100/5d/5d691fb05d5140925b90ce8ce0b447d1c14f5bfd.jpg

တံတိုင်းရဲ့ အမြင့်ကတော့ အနိမ့်ဆုံးနေရာမှာ ၁၅ ပေကနေ အမြင့်ဆုံးနေရာမှာ ပေ ၅၀ လောက်အထိရှိပါတယ်။ တံတိုင်းကြီးရဲ့ ထိပ်မှာဆိုလည်း ၁၅ ပေကနေ ပေ ၃၀ လောက်အထိကျယ်ပါတယ်။

https://s9.kh1.co/__image/w=647,h=363,q=100/a3/a3b3afb7ca7bc4fc75cb1a6313771cc9900c56fc.jpg

ဒါကြောင့် တံတိုင်းကြီးရဲ့ ဒီဘက်ထိပ်နှင့် ဟိုဘက်ထိပ်ကို ခြေလျင်လျှောက်ဖို့ဆိုတာကတော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တချို့သူတွေက မဟာတံတိုင်းကြီးကို ဘယ်နှစ်ရက်လောက် လမ်းလျှောက်ရမလဲလို့ မေးကြတယ်။

https://s9.kh1.co/__image/w=650,h=286,q=100/1b/1b25b7febad661cb38a47d15c7073f24b096cc38.jpg

အတိအကျပြောရလျှင် တံတိုင်းကြီးအဆုံးကို ရောက်ဖို့ အနည်းဆုံး ၁၇ လကြာမြင့်ပါတယ်။ အချို့လွယ်လွယ်ကူကူ လမ်းလျှောက်လို့ အဆင်ပြေတဲ့နေရာမျိုးတွေဆိုရင် လူတစ်ယောက်ကို တစ်နေ့လျှင် ကီလိုမီတာ ၃၀ မှ ၄၀ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမယ့် အလွန်မြင့်မားပြီး မတ်စောက်တဲ့နေရာမျိုးတွေရောက်ရင်တော့ အဲ့ဒီထက် အချိန်ပိုကြာသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=630,h=420,q=100/d1/d109aed6cdf574e83c2ad03ca412c6aaea8d2c0c.jpg

ဒါကြောင့် တစ်နေ့လျှင် ပျမ်းမျှအမြန်နှုန်းဟာ ကီလိုမီတာ ၂၀ ခန့်သာရှိနိုင်ပြီး တစ်ရက်လျှင် လူတစ်ဦးဟာ မဟာတံတိုင်းကို ၈ နာရီမှ ၁၀ နာရီအထိသာ လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ မဟာတံတိုင်းကြီးတစ်ခုလုံးကို လမ်းလျှောက်မယ်ဆိုရင် သီအိုရီအရ ၄၄၂ ရက် လိုအပ်မှာပါ။ ဒါ့အပြင် တစ်ပတ်လျှင် တစ်ရက် အနားယူပါက တံတိုင်းအဆုံးထိ လျှောက်မည်ဆိုပါက ၁၇ လ ကြာမြင့်မှာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source- Ef

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T