ကမ္ဘာပေါ်မှာ စက္ကန့်တိုင်း အနည်းဆုံး လူ ၂ ဦးနီးပါး သေဆုံးနေတယ်ဆိုတာ သိပါသလား

//s9.kh1.co/91/912fae720e38dcfd00d8b37564f8a4a13a8ea71f.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-သြ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ လ က

ကမ္ဘာပေါ်မှာ စက္ကန့်တိုင်း အနည်းဆုံး လူ ၂ ဦးနီးပါး သေဆုံးနေတယ်ဆိုတာ သိပါသလား

သေချင်းတရားဟာ တကယ်တော့ ကျွန်တော်တို့ လူသားတွေအတွက် မထူးဆန်းတော့ပါဘူး။ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အသက်ကြီးရင့်လာခြင်း စသည့်အကြောင်း တစ်ခုခုကြောင့် သေခြင်းတရားကို ရှောင်လွှဲလို့မရဘဲ မလွဲမသွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သေချင်းတရားဆိုလို့ တရားဟောတယ်လို့ မထင်လိုက်ပါနဲ့။

https://s9.kh1.co/__image/w=640,h=360,q=100/de/de9a5f25db649f2e2be5b4c90a558a5a0deb40fa.jpg

အခုပြောပြမှာက မိနစ်၊စက္ကန့်တိုင်း ကျွန်တော်တို့ ကမ္ဘာပေါ်မှာ လူသေဆုံးနေကြတဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းနှုန်းထားပါ။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာပေါ်မှာ စက္ကန့်တိုင်း ကလေး ၄ ယောက် မွေးဖွားလာကြပေမယ့် တစ်ချိန်တည်းမှာ လူ ၂ ယောက်နီးပါး သေဆုံးနေတယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=640,h=427,q=100/2e/2ed93f2bdd97802c0d72877337060578e0b1afa0.jpg

ဆိုလိုတာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကြမ်းဖျင်းအားဖြင့် တစ်မိနစ်လျှင် လူ ၁၀၆ ဦး ၊ တစ်နာရီလျှင် လူ ၆၃၉၂ ဦး နှင့် တစ်ရက်လျှင် လူ ၁၅၃၄၂၄ ဦး ၊ တစ်နှစ်လျှင် လူ ၅၆ သန်း သေဆုံးနေကြတာ ဖြစ်ပါတယ်။ မည်သို့ပင်စေကာမူ ကျွန်တော်တို့ သိထားရမှာက နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သေဆုံးမှုနှုန်းဟာ နိုင်ငံအတွင်း နေထိုင်တဲ့ လူဦးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားကြောင်းအရင်း အမျိုးမျိုးပေါ်မူတည်ပြီး သေဆုံးတဲ့ ကိန်းဂဏန်းတွေက အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f9/f94b7e340bee7aae5a9a936627e459b71cc6f8d0.jpg

သတင်း အရင်းအမြစ်Source - bestlifeonline

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T